
ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းဟာ အာဆင်နယ် တောင်ပံတိုက်စစ်မှူး ဂါဘရီယယ်မာတင်နယ်လီကို ခေါ်ယူဖို့ စိတ်ဝင်စားလာပါတယ်။
ဘိုင်ယန်အသင်းဟာ ရာသီသစ်အတွက် တိုက်စစ်အင်အား မြှင့်တင်ဖို့ လုပ်ဆောင်နေပြီး လီဗာကူဆင် တိုက်စစ်ကစားသမား ဗက်ဇ်ကို ခေါ်ယူခွင့် လက်လွှတ်ခဲ့ရပြီးနောက်မှာ မာတင်နယ်လီကို ပစ်မှတ်ထားလာခဲ့တာပါ။
ဂျာမန်သတင်းစာ Bild ရဲ့ သတင်းထောက်တယောက်ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်အသင်းဟာ ဘီလ်ဘာအိုက နီကိုဝီလီယံနဲ့လည်း အဆင်မပြေ ဖြစ်ခဲ့ပြီးနောက် မာတင်နယ်လီကို ခေါ်ယူဖို့ ပစ်မှတ်ထားလာတယ်လို့ သိရပါတယ်။
မာတင်နယ်လီဟာ အာဆင်နယ်အသင်းက အရောင်းစာရင်းတင်သွားမယ့် ကစားသမားစာရင်းထဲမှာ ပါဝင်နေသူလို့ သတင်းထွက်နေသူပါ။
သူဟာ ၂၀၁၉ ခုနှစ်ကတည်းက ပေါင် ၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၂၂၅ ပွဲကစားခဲ့ပြီး ၅၁ ဂိုးသွင်းခဲ့ ပါတယ်။