
မန်စီးတီးနဲ့ပွဲစဉ်မှာ နံပါတ် ၉ နေရာမှာ ပြောင်းလဲ ကစားသွားတဲ့ တိုက်စစ်မှူး အန်တိုနီဂေါ်ဒွန်ကို အင်္ဂလန်ကစားသမားဟောင်း ဂျိုကိုးလ်က ချီးကျူးသွားပါတယ်။
ဂေါ်ဒွန်ဟာ မန်စီးတီးနဲ့ တဂိုးစီ သရေပွဲမှာ ပင်နယ်တီကနေ ချေပဂိုးသွင်းယူနိုင်ခဲ့သလို မန်စီးတီးခံစစ်ကိုလည်း အလုပ်များစေခဲ့တာပါ။
ဂေါ်ဒွန်ဟာ နယူးကာဆယ်ရဲ့ တိုက်စစ်မှာ အရေးပါတဲ့သူအဖြစ် ကစားသွားခဲ့ပြီး နံပါတ် ၉ နေရာမှာ ပြောင်းလဲကစားခဲ့ရပေမဲ့ ချီးကျူးစရာ စွမ်းဆောင်ရည် ပြသနိုင်ခဲ့ကြောင်း ဂျိုကိုးလ်က ပြောပါတယ်။
ဒီလို စွယ်စုံရကစားသမားတယောက်ဟာ နည်းပြတိုင်းအတွက် ဆွဲဆောင်မှုပေးနိုင်ပြီး ဂေါ်ဒွန်အနေနဲ့ အင်္ဂလန် အသင်းမှာလည်း ဟယ်ရီကိန်းရဲ့ နံပါတ် ၉ နေရာမှာ ဝင်ရောက်ကစားနိုင်ကြောင်း ဂျိုကိုးလ်က ပြောပါတယ်။
အင်္ဂလန်ယူ ၂၁ နည်းပြ လက်စ်ကော့ကလည်း နံပါတ် ၉ နေရာမှာ ကစားနိုင်တဲ့ ဂေါ်ဒွန်ကို ချီးကျူးပြောသွားပါတယ်။










