
နယူးကာဆယ် တောင်ပံကစားသမား အန်တိုနီဂေါ်ဒွန်ကို ခေါ်ယူရေးမှာ အာဆင်နယ်အသင်းက ထိပ်ဆုံးက ဦးဆောင်နေတယ်လို့ The Sun သတင်းစာက ဖော်ပြပါတယ်။
အသက် ၂၅ နှစ်အရွယ် ဂေါ်ဒွန်ဟာ ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာဖြစ်ရင် လန်ဒန်အခြေစိုက် ကလပ်တခုကိုပဲ ပြောင်းချင်နေတာကြောင့် အာဆင်နယ်က ခေါ်ယူဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေတာပါ။
သူ့ကို လီဗာပူးနဲ့ ဘိုင်ယန်မြူးနစ်တို့ကလည်း စိတ်ဝင်စားနေပြီး ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်း လောက် ကမ်းလှမ်းလာရင် နယူးကာဆယ်ဘက်က ရောင်းထုတ်နိုင်တယ်လို့ သိရပါတယ်။
အဲဗာတန် ကစားသမားဟောင်း ဂေါ်ဒွန်ဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နယူးကာဆယ်အတွက် ၁၀ ဂိုး သွင်းယူပေးထားပါတယ်။










