DVB Logo
Home
မြန်မာသတင်း
တပ်သားသစ်များ ပိုမိုလိုအပ်ဟု BPLA ပြော
DVB
·
March 23, 2025
တပ်သားသစ်များ ပိုမိုလိုအပ်ဟု BPLA ပြော
Donate to DVB

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ထံ တပ်သားသစ်အဖြစ် အမှုထမ်းဖို့ လျှောက်ထားမှုတွေ ဆက်တိုက်ရှိနေတယ်လို့ BPLA ထံကသိရပါတယ်။

BPLA အနေနဲ့ ဒေသအသစ်၊ တိုက်ပွဲအသစ်တွေနဲ့ စစ်အုပ်စုကို အမြန်ဆုံး အမြစ်ဖြတ် ချေမှုန်းတိုက်ထုတ်ပြီး စနစ်အသစ်၊ နိုင်ငံအသစ်နဲ့ လူထုလွတ်မြောက်ရေးအတွက် ပူးပေါင်းတိုက်ပွဲဝင်ဖို့ ၂၀၂၄ ခုနှစ်ကတည်းက တပ်သားသစ်တွေခေါ်ယူခဲ့ရာ လျှောက်ထားသူတွေ ဆက်တိုက်ရှိနေပေမဲ့ ပိုမိုလိုအပ်နေသေးတယ်လို့ BPLA ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်လင်းလင်းက DVB ကို ပြောပါတယ်။

“လျှောက်ထားမှုတွေ ဆက်တိုက်ရှိပါတယ်။ စစ်အုပ်စုကို ဖြိုချဖို့ဆိုရင် တော်လှန်ရေးဘက်က ရဲဘော်အင်အားတွေ ဒီထက်များဖို့ လိုပါသေးတယ်။ ကျနော်တို့ဆီမှာတော့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ လက်ခံပါတယ်။ တချို့လျှောက်ထားသူတွေမှာလည်း စစ်မှုထမ်းနာမည်စာရင်း ပါနေပြီးသားသူတွေလည်း ပါပါတယ်။”

အကြမ်းဖက်စစ်တပ်ဟာ သူတို့ရှင်သန်ရေးအတွက် ပြည်သူလူထုကို အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းနေတာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေကတော့ လူထုလွတ်မြောက်ရေးအတွက် ပူးပေါင်းအင်အားလိုအပ်တယ်လို့ BPLA က ဆိုပါတယ်။

စစ်ကောင်စီကို အလဲထိုးခြိမ်းခြောက်နိုင်တဲ့ တိုက်ပွဲဖြစ်ဖို့ဆိုရင် လက်နက်ခဲယမ်း၊ ထောက်ပို့လမ်းကြောင်း အခိုင်အမာရှိရမယ့်အပြင် ရဲဘော်အင်အားကိုလည်း လိုအပ်တာကြောင့် လူထုလွတ်မြောက်ရေးအတွက် စိတ်ပိုင်းဖြတ်ထားသူတွေကို BPLA က အမြဲဖိတ်ခေါ်ကြိုဆိုနေတယ်လို့ ရဲဘော်လင်းလင်းက ဆက်ပြောပါတယ်။

BPLA အနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကရင်ပြည်နယ်အပါအဝင် ဒေသတော်တော်များများက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့အဖွဲ့ဖြစ်ပြီး အညာဒေသမှာ အခြေချကာ စစ်ဆင်ရေးတွေဖော်ဆောင်မယ်လို့ ၂၀၂၄ ခုနှစ်က ကြေညာပြီး တပ်သားသစ်တွေကိုခေါ်ယူခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013