DVB Logo
Home
မြန်မာသတင်း
အင်းလေး PDF ကို စစ်ကောင်စီတပ်က ဒရုန်းဗုံးသီးအများအပြားဖြင့် တိုက်ခိုက် 
DVB
·
March 23, 2025
အင်းလေး PDF ကို စစ်ကောင်စီတပ်က ဒရုန်းဗုံးသီးအများအပြားဖြင့် တိုက်ခိုက် 
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ကောင်စီတပ်က ဒရုန်းဗုံးသီးအလုံး ၄၀ လောက်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေတယ်လို့ အမှတ် ၁၀၀၉ တပ်ရင်း၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (IPDF) ဆီက သိရပါတယ်။ 

ရေပူရွာမှာ စစ်ရှုံးခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ PNO တပ်ဖွဲ့တွေဟာ အင်းလေးအနောက်ဘက်ကမ်းက မိုးဦးရွာ၊ သစ်ပင်ကောက်ရွာနဲ့ ထီးရီးစခန်းကုန်းတွေကနေ ရေပူရွာရှိ PDF တပ်ဖွဲ့တွေကို ၅ ရက်ဆက်တိုက် ဒရုန်းတွေနဲ့ ဗုံးသီးအလုံးရေ ၄၀ လောက် အသုံးပြုတိုက်ခိုက်နေပေမဲ့ PDF တပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်မှုမရှိသေးဘူးလို့ IPDF အမှတ် ၁၀၀၉ တပ်ရင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။ 

“တိုက်ပွဲမဖြစ်ဘဲ ဒီတိုင်းခံနေရတာ။ ရေပူရွာတိုက်ပွဲဖြစ်ပြီးကတည်းက တိုက်ပွဲ ထပ်မဖြစ်သေးဘူး။ ရဲဘော်တွေကတော့ရှိသေးတယ်။ အခုချိန်အထိတော့ အထိအခိုက်မရှိသေးပါ။ ဒရုန်းနဲ့တိုက်ခိုက်တာက‌တော့ PNO လည်းပါတယ်၊ စစ်ကောင်စီလည်းပါတယ်။” 

ဒီလို ဒရုန်းတွေ နဲ့ တိုက်ခိုက်ခံနေရတဲ့ PDF တပ်ဖွဲ့ဝင်တွေဆီမှာ   ပြန်လည်ခုခံတိုက်ခိုက်ဖို့ လက်နက်တွေ၊ ရန်သူ့ဒရုန်းကို ဖျက်ဆီးပစ်ဖို့   Jammer မရှိတာကြောင့် ဒရုန်းလာပါက နီးစပ်ရာနေရာတွေမှာပဲ ခိုအောင်းပြီး အသက်မဆုံးရှုံးရရေး ကာကွယ်နေကြရတယ်လို့ သိရပါတယ်။ 

ဒါကြောင့် စစ်ကောင်စီရဲ့ ဒရုန်းရန်ကို ကာကွယ်နိုင်ဖို့နဲ့ ပြန်လည်ခုခံတိုက်ခိုက်နိုင်ဖို့အတွက် လိုအပ်တဲ့ လက်နက်တွေ ဖြည့်တင်းရမှာဖြစ်တာကြောင့် ပြည်တွင်းပြည်ပက ထောက်ပို့ပြည်သူတွေအနေနဲ့ ကူညီထောက်ပံ့ပေးဖို့ IPDF က တောင်းဆိုထားပါတယ်။   

ပြီးခဲ့တဲ့ ဖေဖော်ဝါရီက ရေပူရွာအနီးကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်ဖွဲ့တွေကို IPDF နဲ့ မဟာမိတ်အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဘက်က ၅ ယောက်ထက်မနည်း သေဆုံးကာ ၄ ယောက် အရှင်အဖမ်းခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013