
ကိုရီးယားကျွန်းဆွယ် အရှေ့တောင်ဘက်မှာ လူအသေအပျောက်ရှိတဲ့ တောမီးအပါအဝင် မတ် ၂၂ ရက် စနေနေ့က တောင်ကိုးရီးယားနိုင်ငံတဝန်း တောမီး ၂၀ ကျော် လောင်ကျွမ်းမှုကြောင့် မီးသတ်သမား ၂ ယောက် သေဆုံးပြီး ၂ ယောက် ပျောက်ဆုံးနေပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် တောမီးတွေမြန်မြန်ဆန်ဆန် ပျံ့နှံ့လာတာကြောင့် နေမဝင်ခင် မီးငြှိမ်းသတ်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းပေးကြဖို့ ယာယီသမ္မတ ချွဲဆန်းမော့က တိုက်တွန်းခဲ့ပါတယ်။
မတ်လ ၂၁ ရက်က စတင်ခဲ့တဲ့ ဂျောင်ဆန်းဒိုပြည်နယ် ဆန်းချုံးကောင်တီရှိ တောင်ပေါ်ဒေသတွေမှ မီးကိုငြှိမ်းသတ်နိုင်ဖို့ မီးသတ်သမားတွေက ကြိုးပမ်းနေကြပြီး စနေနေ့ မွန်းလွဲပိုင်းအထိ ၂၇၅ ဟက်တာ(၆၈၀ ဧက) မီးလောင်ကျွမ်းခဲ့ပါတယ်။
ဒေသခံ ၂၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပါတယ်။ တောင်ကိုးရီးယားအစိုးရဟာ အဲဒီဒေသကို ဘေးအန္တရာယ်ကျရောက်နေတဲ့ ဒေသအဖြစ် စနေနေ့ညနေပိုင်းမှာ ကြေညာခဲ့ပါတယ်။
Source: Reuters