DVB Logo
Home
မြန်မာသတင်း
ညောင်တုန်းတွင် KTV  အဆိုမယ်များအပါအဝင်လူ ၅၀ ထက်မနည်း ဖမ်းဆီးခံရ
DVB
·
March 22, 2025
ညောင်တုန်းတွင် KTV  အဆိုမယ်များအပါအဝင်လူ ၅၀ ထက်မနည်း ဖမ်းဆီးခံရ
Donate to DVB

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်မှာ KTV အဆိုမယ်တွေအပါအဝင် လူ ၅၀ ထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။

ညောင်တုန်းမြို့နယ်၊ တာကွေ့ကျေးရွာက အုပ်ချုပ်ရေးမှူးဟောင်းရဲ့ စတားဝမ်း KTV က အဆိုမယ်တွေအပါအဝင် လူအယောက် ၅၀ ထက်မနည်းကို တိုင်းရဲတပ်ဖွဲ့နဲ့ နယ်မြေခံရဲတွေက မတ် ၁၇ ရက်ကနေ ၂၁ ရက်အတွင်း ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

တာကွေ့ကျေးရွာ ဒေသခံတယောက်က “၁၇ ရက်က လူငယ် ၆ ယောက် အဖမ်းခံရတာ။ ၁၈ ရက်က အဆိုမယ်တွေအပါအဝင် KTV ထဲကလူ အယောက် ၄၀ လောက်ကိုဖမ်းသွားတာ။ ၂၀ ရက်နဲ့ ၂၁ ရက်က ၇ ယောက်ထပ်အဖမ်းခံရတာ” လို့ ပြောပါတယ်။

အဲ့ဒီ အဖမ်းခံရသူတွေကို စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့က အချုပ်ကားနဲ့ တိုင်းရဲတပ်ဖွဲ့ရုံးကို ဖမ်းခေါ်သွားတာ ဖြစ်ပြီး ဒီနေ့ မတ် ၂၂ ရက်အထိ ပြန်လွတ်လာတဲ့သူ မရှိသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီ တိုင်းရဲတပ်ဖွဲ့နဲ့နီးစပ်သူတယောက်က “KTV မှာအဖမ်းခံရတဲ့လူငယ်တွေက မူးယစ်ဆေးသုံးစွဲ တာကြောင့်ဖမ်းတာလို့ သိရတယ်။ ကျန်တဲ့အမျိုးသားတွေကတော့ စစ်မှုထမ်းအတွက် လူမပေးလို့ ဖမ်းတာလို့ပြောတာပဲ။ တိုင်းရဲတပ်ဖွဲ့က တိုက်ရိုက်ဆင်းဖမ်းနေတာ” လို့ ပြောပါတယ်။

အဖမ်းခံရသူတွေဟာ အရပ်သားတွေဖြစ်ပြီး ဖမ်းဆီးချိန် စစ်ကောင်စီ ရဲတပ်ဖွဲ့က ရိုက်နှက်ခေါ်ဆောင်သွားသလို အဓမ္မစစ်မှုထမ်းခိုင်းမှာကို မိသားစုတွေက စိုးရိမ်နေတယ်လို့ဆိုပါတယ်။

ဒါ့အပြင် အဖမ်းခံရတဲ့သူတွေထဲမှာ အုပ်ချုပ်ရေးမှူးဟောင်း KTV ပိုင်ရှင်ဖြစ်တဲ့ ကိုနိုင်ဆိုသူအပါအဝင် သမီးနဲ့ သမက်ဖြစ်သူကိုပါ ဖမ်းဆီးခေါ်ဆောင်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013