
မတ်လ ၂၁ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့မှာ မြန်မာနိုင်ငံရဲ့ သစ်တောပြုန်းတီးမှု အခြေအနေ အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
Global Forest Watch ထုတ်ပြန်သည့် မြန်မာပြည် သစ်တောပြုန်းတီးမှုပြမြေပုံ
● ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံ၌ သဘာဝသစ်တော ၄၁ ဒသမ ၈ Mha ရှိပြီး ကုန်းမြေဧရိယာ၏ ၆၂ ရာခိုင်နှုန်းကျော် ရှိသည်။
● ၂၀၂၃ ခုနှစ် တိုင်းတာချက်များအရ သဘာဝသစ်တော ၃၁၇ kha ဆုံးရှုံးခဲ့သည်ဟု ဖော်ပြထားသည်။
● မြန်မာနိုင်ငံတွင် ၂၀၀၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ပကတိသစ်တော ၇၅၂ သန်းခန့် ဆုံးရှုံးခဲ့ပြီး ထိုအချိန်ကာလ၏ စုစုပေါင်း သစ်ပင်ဖုံးလွှမ်းမှု၏ ၁၆ ရာခိုင်နှုန်းခန့် ဆုံးရှုံးခဲ့သည်။
● မြန်မာနိုင်ငံရှိ ပကတိသစ်တော စုစုပေါင်းဧရိယာသည် ၅ ဒသမ ၄ ရာခိုင်နှုန်းခန့် လျော့ကျသွားသည်။
● မြန်မာနိုင်ငံတွင် ၂၀၀၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း သစ်တောဆုံးရှုံးမှု အားလုံး၏ ၅၆ ရာခိုင်နှုန်းမှာ ရှမ်း၊ တနင်္သာရီနှင့် ကချင်ဒေသတို့ ဖြစ်ကြသည်။
● မြန်မာနိုင်ငံတွင် ၂၀၀၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း သစ်တောဖုံးလွှမ်းမှု ၄ ဒသမ ၈၇ ဧက ဆုံးရှုံးခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှ စတင်ကာ သစ်တောဖုံးလွှမ်းမှု ၁၁ ရာခိုင်နှုန်း လျော့ကျသွားခဲ့သည်။
● မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၄ ပတ်အတွင်း သစ်တောပြုန်းတီးမှု သတိပေးချက် ၉၁၈,၀၇၄ ခု တွေ့ရှိခဲ့ပြီး ၁၀ ဒသမ ၅ ဧရိယာခန့် ထိခိုက်ခဲ့သည်။ ထိပ်တန်းဒေသ ၂ ခု ဖြစ်သော ရှမ်းပြည်နယ် နှင့် စစ်ကိုင်းတိုင်းတို့သည် သစ်တောပြုန်းတီးမှု သတိပေးချက်၏ ၅၁ ရာခိုင်နှုန်းရှိသည်။
● လူတို့နေထိုင်ရန် မြေကွက်များအတွက် သစ်တောခုတ်ထွင်ရှင်းလင်းခြင်း၊ တောင်ယာလုပ်ငန်း ချဲ့ထွင်ရန် သစ်တောခုတ်ထွင်ရှင်းလင်းခြင်း၊ သဘာဝအတိုင်း သစ်တောမီးလောင်ခြင်းနှင့် သဘာဝအတိုင်း သစ်တောများ မီးလောင်မှုဖြစ်ခြင်း စသည်တို့ကြောင့် မြန်မာနိုင်ငံ၏ သစ်တောဧရိယာဆုံးရှုံးမှု ပမာဏသည် ၂၀၂၃ ခုနှစ်အတွင်း ဟက်တာ ၃ သိန်းကျော် ရှိခဲ့ကြောင်း Global Forest Watch တွင် တွေ့ရပါတယ်။
● ၂၀၁၈ ခုနှစ်မှ ၂၀၂၁ အထိ အထက်ပါအကြောင်းများကြောင့် သစ်တောဧရိယာ ဆုံးရှုံးမှုများ မြင့်တက်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် အနည်းငယ် ပြန်လည်လျော့ကျခဲ့ကြောင်းလည်း တွေ့ရပါသည်။ ၂၀၂၃ ခုနှစ်တွင် ပြန်လည်မြင့်တက်ခဲ့ရာ သစ်တောဆုံးရှုံးမှုပမာဏ ဟက်တာ ၃ သိန်း (ဧက ၇၄၀,၀၀၀ ကျော်) ရှိခဲ့ကြောင်း တွေ့ရပါတယ်။
● ပြည်နယ် တိုင်းများအလိုက် လေ့လာရာတွင် ရှမ်းပြည်နယ်သည် အများဆုံးဖြစ်ခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်း ဟက်တာ ၁၀၃ သိန်းကျော် (ဧက ၂၅၄,၀၀၀ ကျော်) ရှိခဲ့ကြောင်း တွေ့ရပါတယ်။ တခြားပြည်နယ် တိုင်းများမှ သစ်တောပြုန်းတီးမှုများသည် ပျမ်းမျှခြင်းအားဖြင့် ရှမ်းပြည်နယ်လောက် မများပါ။
Photo : DVB











