
စလိုဗက်ကီးယားနိုင်ငံ အရှေ့ပိုင်းရှိ လူနေရပ်ဝန်းတခုမှာ ညတွင်းချင်း မီးလောင်မှုကြောင့် ကလေး ၄ ယောက် အပါအဝင် လူ ၅ ယောက် သေဆုံးသွားကြောင်း မီးသတ်သမားတွေနဲ့ မြို့တာဝန်ရှိသူတွေက မတ် ၂၀ ရက်က ပြောကြားခဲ့ပါတယ်။
ပြည်တွင်းရုပ်သံလိုင်း JOJ TV က ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်မှာ ဘရားတစ်စ်လာဗာမြို့ အရှေ့ဘက် ၃၉၀ ကီလိုမီတာအကွာရှိ ဗဲလ်ကီး ရှားရိရှ် မြို့မှာ မီးသတ်သမားတွေဟာ ညအချိန်ကြီးမှာ မီးတောက်တွေကို ငြှိမ်းသတ်နေကြပြီး နောက်တနေ့ မနက်ပိုင်းမှာတော့ နေအိမ်တွေနဲ့ ပစ္စည်းတွေ မီးလောင်ပြာကျနေတာကို မြင်တွေ့ရပါတယ်။
မီးလောင်မှုကြောင့် နေအိမ် ၈ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါတယ်။ မီးလောင်ရတဲ့အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။
Source : Reuters