DVB Logo
Home
မြန်မာသတင်း
စွမ်းအင်အဆောက်အအုံ အပစ်အခတ်ရပ်စဲရေး ထရမ့်ပ်နှင့် ဇလန်းစကီး ဆွေးနွေး
DVB
·
March 21, 2025
စွမ်းအင်အဆောက်အအုံ အပစ်အခတ်ရပ်စဲရေး ထရမ့်ပ်နှင့် ဇလန်းစကီး ဆွေးနွေး
Donate to DVB

ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးက သူနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့ မတ် ၁၉ ရက် ဆွေးနွေးပွဲမှာ ရုရှားနဲ့ စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

တစိတ်တပိုင်း အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်က ကြားဝင်ဆောင်ရွက်ပေးနိုင်တဲ့ အဆောက်အအုံတွေ စာရင်းကို ယူကရိန်းက ရေးဆွဲမယ်လို့ သူက အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ထရမ့်ပ်နဲ့ စကားပြောအပြီး စွမ်းအင်အခြေခံအဆောက်အအုံ ဆိုင်ရာ တိုက်ခိုက်မှုတွေကို ခေတ္တရပ်ဖို့ သဘောတူပြီးတဲ့နောက် တရက်အကြာမှာ ဇလန်းစကီးက ဒီစာရင်းထဲမှာ စွမ်းအင်သာမက ရထားလမ်းနဲ့ ဆိပ်ကမ်းဆိုင်ရာ အခြေခံအဆောက်အအုံတွေပါ ပါနိုင်တယ်လို့ ပြောခဲ့ပါတယ်။

ဖုန်းခေါ်ဆိုမှုအတွင်း ဇလန်းစကီးနဲ့ ထရမ့်ပ်တို့ ယူကရိန်းအရှေ့တောင်ပိုင်းက ရုရှားသိမ်းပိုက်ထားတဲ့ ဇာပိုရစ်ရှား နျူကလီးယား ဓာတ်အားပေးစက်ရုံအရေး ဆွေးနွေးခဲ့ကြတယ်လို့ ဇလန်းစကီးက ပြောပါတယ်။

ယူကရိန်းကို ပြန်ပေးမယ်ဆိုရင် နျူကလီးယားစက်ရုံကို ခေတ်မီရေးနဲ့ ရင်းနှီးမြှုပ်နှံရေးမှာ အမေရိကန် ပါဝင်ပတ်သက်မှုအတွက် ဆွေးနွေးဖို့ ယူကရိန်းက အသင့်ရှိတယ်လို့ ထရမ့်ပ်ကို ပြောခဲ့တယ်လို့လည်း ဇလန်းစကီးက ပြောပါတယ်။

ဒါဟာ ပြီးခဲ့တဲ့လ နှောင်းပိုင်းက ဆိုးရွားလှတဲ့ အိမ်ဖြူတော် ဆွေးနွေးပွဲအပြီး ဇလန်းစကီးနဲ့ ထရမ့်ပ်တို့ကြား ပထမဆုံးဆွေးနွေးပွဲ ဖြစ်ပါတယ်။

ယူကရိန်းခေါင်းဆောင်က ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲတွေဟာ မကြာသေးမီကာလတွေအတွင်း “အခြေခံအကျဆုံး စကားဝိုင်း ဖြစ်နိုင်တယ်” လို့လည်း ပြောခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013