DVB Logo
Home
မြန်မာသတင်း
တန့်ဆည်မြို့နယ်၌ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်၊ တော်လှန်ရေးရဲဘော်အချို့ ကျဆုံး
DVB
·
March 20, 2025
တန့်ဆည်မြို့နယ်၌ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်၊ တော်လှန်ရေးရဲဘော်အချို့ ကျဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲကို စစ်ကောင်စီတပ်က မတ်လ ၁၈ ရက် ည ၁၂ နာရီဝန်းကျင်မှာ လေကြောင်းကနေဗုံးကြဲလို့ တော်လှန်ရေးရဲဘော်တချို့ ထိခိုက် ကျဆုံးခဲ့တယ်လို့ တန့်ဆည်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

တန့်ဆည်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုရဲ့တာဝန်ခံက “တန့်ဆည် အနောက်ခြမ်းက ရွာသစ်ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးကြဲသွားတာ။ တလုံးပဲကွဲတယ်။ အဲ့တာကြောင့် ရဲဘော် ၂ ဦးဒဏ်ရာရတယ်။ ရဲဘော် တဦးကတော့ နေရာမှာတင်ကျသွားတယ်” လို့ ပြောပါတယ်။

တန့်ဆည်မြို့နယ်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ  မေလ ၁၀ ရက် ဝန်းကျင် ကတည်းက တန့်ဆည်မြို့နယ်အနောက်ခြမ်းကရွာသစ်ကျေးရွာ၊ ဝါးရငယ်ကျေးရွာနဲ့ တန့်ဆည် မြို့မြောက်ဘက်က ဆင်ငယ်ရွာတွေမှာ အထိုင်ချ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်နေကြတာလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ခံက “အခုတိုက်တဲ့ရွာတွေက ပျူစောထီးအင်အားကောင်းကြတယ်။ တိုက်ပွဲဖြစ်နေတဲ့ရက်ကတော့ ၁၀ ရက်ကျော်ရှိပြီပေါ့ဗျာ။ ဝါးရငယ်မူးဘောင်ပျူအထိုင်စခန်းကိုတော့ ကျနော်တို့ဘက်က ရဲဘော်တွေ သိမ်းပိုက်နိုင်ပြီ။ ဝါးရငယ်ရွာနဲ့ မိုင်ဝင်လောက်ဘဲဝေးတဲ့ ရွာသစ်ရွာမှာလည်း ကျန်တဲ့ ကာကင်းစခန်းတွေကရပြီ။ ကာကင်းစခန်းတွေကခွေးတွေ ဘုန်းကြီးကျောင်းမှာတပ်စွဲနေလို့ အဲ့တာကို ဆက်တိုက်နေရင်း မကွေးလေတပ်ကတက်လာတဲ့ လေကြောင်းပစ်ကူ​က ဗုံးကြဲသွားလို့အခုလိုဖြစ်ရတာ”လို့ ပြောပါတယ်။

မတ် ၁၉ ရက်အထိ နှစ်တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းပစ်ကူတွေအပြင် ဒရုန်းတွေနဲ့ပါတိုက်ခိုက်ခုခံတိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဆင်ငယ်စခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူနဲ့ မြေပြင်တွေကပါပိတ်ဆို့တိုက်ခိုက်ခဲ့လို့ တော်လှန်ရေးရဲဘော် ၁၁ ယောက် ဆုံးခဲ့ကာ လက်နက်ခဲယမ်းတွေလည်းတွေလည်း သိမ်းဆည်းခံလိုက်ရပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ဒဏ်ရာရသူတွေကိုတော့ တန့်ဆည်မြို့ကနေ ကန့်ဘလူအခြေစိုက် အမှတ် ၆၀၀၆ တင့်ကားတပ်ရင်းထဲကို ပို့ဆောင်နေကြတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲတွေအတွင်း တော်လှန်ရေးရဲဘော်တွေကျဆုံးခဲ့တဲ့အခြေအနေနဲ့ မြေပြင်တိုက်ပွဲ အခြေအနေတွေကိုတော့ သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်လာတာမတွေ့ရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013