DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်ကောင်စီတပ်က နေ့စဥ် လေကြောင်းတိုက်ခိုက်
DVB
·
March 20, 2025
တနင်္သာရီတွင် စစ်ကောင်စီတပ်က နေ့စဥ် လေကြောင်းတိုက်ခိုက်
Donate to DVB

တနင်္သာရီမြို့နယ်၊​ သိန်ခွန်းကျေးရွာအုပ်စုကို စစ်ကောင်စီလေတပ်က K8W  ဂျက်တိုက်လေယာဉ်နဲ့ စစ်ရဟတ်ယာဥ် အသုံးပြုပြီး နေ့စဥ်နီးပါး လေကြောင်းတိုက်ခိုက်နေတယ်လို့ BLACK COBRA စစ်ကြောင်းကနေ သိရပါတယ်။

မတ်လ ၁၇ ရက်မှာ စစ်ကောင်စီက သိန်းခွန်းကျေးရွာအုပ်စုကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနဲ့ ဗုံးအလုံး ၂၀ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၁၉ ရက်မှာလည်း သိန်းခွန်းကျေးရွာအုပ်စုမှာ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တယ်လို့ BLACK COBRA စစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် သိန်ခွန်းကျေးရွာအုပ်စုရှိ ချောင်းနှစ်ပေါက်ရွာမှ နေအိမ်အများစု ထိခိုက်ပျက်စီးခဲ့ပြီး အတိအကျကိုတော့ နယ်မြေမတည်မငြိမ်သေးတာကြောင့် အတည်ပြုဖို့ အခက်အခဲဖြစ်နေတယ်လို့ BLACK COBRA စစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီဘက်က သိန်ခွန်းကျေးရွာအုပ်စုရှိ သိန်ခွန်းရွာ၊ ချောင်းနှစ်ပေါက်ရွာနဲ့ ချောင်းလမုရွာတွေကို နေ့စဥ်နီးပါး လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေပြီး ဒေသခံ ၁၂၀၀ကျော် စစ်ရှောင်နေရတာ ၃ လခန့်ရှိနေပြီလို့ ဒေသခံတွေဆီမှ သိရပါတယ်။

မတ်လ ၁၆ရက်နေ့ကလည်း စစ်ကောင်စီဘက်က ချောင်းလမုရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရွာသားတယောက် သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013