DVB Logo
Home
နိုင်ငံတကာ
FBI အလိုအရှိဆုံး တရားခံပြေး MS-13 ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ၁ ဦး မက္ကဆီကို၌ ဖမ်းမိ 
DVB
·
March 19, 2025
FBI အလိုအရှိဆုံး တရားခံပြေး MS-13 ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ၁ ဦး မက္ကဆီကို၌ ဖမ်းမိ 
Donate to DVB

FBI ရဲ့ အလိုအရှိဆုံး တရားခံပြေး ၁၀ ယောက်ထဲက တယောက်ဖြစ်တဲ့ နာမည်ကြီး MS-13 ရာဇ၀တ်ဂိုဏ်းရဲ့ အဖွဲ့ဝင် ဖရန်စစ္စကို ဟာဗီယာအန် (ခ) အလ်ဗက်ထရာတိုကို ဖမ်းဆီးရမိထားပြီလို့ မက္ကဆီကို လုံခြုံရေးဝန်ကြီး အိုမာဂါစီယာ ဟာဖွှတ်ချ်က  ပြောပါတယ်။

FBI ရဲ့ အဆိုအရ ရာဇ၀တ်ဂိုဏ်းမှ ထိပ်ပိုင်းခေါင်းဆောင်တယောက်ဖြစ်တဲ့ ဟာဗီယာအန်ဟာ အမေရိကန်၊ မက္ကဆီကိုနဲ့ အယ်လ်ဆာဗေးဒေါ တို့မှာ MS-13 ဂိုဏ်းရဲ့ လှုပ်ရှားမှုတွေကို လမ်းညွှန်ချက်ပေးရာမှာ ပါဝင်ပတ်သက်နေမှုကြောင့် အလိုရှိနေတာ ဖြစ်ပါတယ်။

ဟာဗီယာအန်ဟာ အရပ်သားတွေနဲ့ ပြိုင်ဘက်ဂိုဏ်းဝင်တွေအပေါ် အကြမ်းဖက်မှု အမြောက်အမြားကို အမိန့်ပေးတဲ့ အခန်းကဏ္ဍအပြင် အမေရိကန်နဲ့ အယ်လ်ဆာဗေးဒေါတို့မှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးမှုနဲ့ ငွေညှစ်မှု အစီအစဉ်တွေမှာ ပါဝင်ခဲ့မှုတွေအတွက် ပြစ်မှုများစွာနဲ့ တရားစွဲဆိုခံထားရတာပါ။

၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၂ ရက်မှာ ဟာဗီယာအန်ကို ဖက်ဒရယ် ဖမ်းဝရမ်း ထုတ်ခဲ့တာဖြစ်ပြီး FBI က ဖမ်းဝရမ်းစာရွက်မှာ ဖော်ပြထားချက်အရ အကြမ်းဖက်သမားတွေကို ထောက်ပံ့ကူညီမှုနဲ့ အရင်းအမြစ်တွေကို ဖုံးကွယ်ဖို့ ပူးပေါင်းကြံစည်မှုအပြင် မူးယစ်ဆေးဝါး-အကြမ်းဖက်ဝါဒ ပူးပေါင်းကြံစည်မှု၊ တခြားသူတွေနဲ့ ပူးပေါင်းကြံစည်မှု၊ ပြည်ပမှောင်ခို ပူးပေါင်းကြံစည်မှုတွေနဲ့ တရားစွဲခံထားရပါတယ်။

ဟာဗီယာအန်ကို အမေရိကန် တရားစီရင်မှုနဲ့ ရင်ဆိုင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုကို ပို့ဆောင်မှာဖြစ်ကြောင်း FBI ညွှန်ကြားရေးမှူး ကက်ရှ်ပါတဲလ်က မတ် ၁၈ ရက် ထုတ်ပြန်တဲ့ ပို့စ်တခုမှာ ပြောပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013