DVB Logo
Home
နိုင်ငံတကာ
အမေရိကန်က ယီမင်ကို တိုက်ခိုက်မှု ၁၀ ခုထက်မနည်း လုပ်ဆောင်
DVB
·
March 19, 2025
အမေရိကန်က ယီမင်ကို တိုက်ခိုက်မှု ၁၀ ခုထက်မနည်း လုပ်ဆောင်
Donate to DVB

အမေရိကန်ဟာ  မြို့တော်ဆာနာ အပါအဝင် ယီမင်ရှိ ပစ်မှတ်ထားနေရာတွေကို တိုက်ခိုက်မှု ၁၀ ခုထက်မနည်း လုပ်ဆောင်ခဲ့ကြောင်း ယီမင်နိုင်ငံရဲ့ ဟူသီအဖွဲ့ပိုင် မီဒီယာက မတ် ၁၉ ရက် အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်ဟာ ယီမင်ရှိ ဟူသီသူပုန်တွေကို စစ်ဆင်ရေး ဆက်လုပ်ဆောင်နေကြောင်း ပြောထားတဲ့ ဗီဒီယိုကို မတ် ၁၈ ရက်မှာ ထုတ်ပြန်ခဲ့ပြီး ဗီဒီယိုထဲမှာ တည်နေရာအတိအကျ မသိရတဲ့ နေရာရှိ လေယာဉ်တင်သင်္ဘောက ပျံသန်းလာတဲ့ တိုက်လေယာဉ်တွေနဲ့ လေထဲ ဒုံးကျည်တွေ ပစ်လွှတ်လိုက်တာတွေကို ပြထားပါတယ်။

အမေရိကန်စစ်တပ်ဟာ တနင်္လာနေ့ညက ဟူသီတို့ ထိန်းချုပ်ထားတဲ့ ယီမင်နိုင်ငံရဲ့ ပင်လယ်နီဆိပ်ကမ်းမြို့ကို လေကြောင်းတိုက်ခိုက်မှုအသစ်တွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ဟိုဒေးဒါမြို့ မြောက်ဘက် ဆာလိဖ်ခရိုင်ရှိ ပုဂ္ဂလိကပိုင် သံနဲ့သံမဏိ အရပ်ဘက်စက်ရုံကို အမေရိကန် ဒုံးကျည် ၁၂ စင်းနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့လို့ စက်ပစ္စည်းတွေ ပျက်စီးကာ စက်ရုံက ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ရပါတယ်။

ဟိုဒေးဒါရဲ့ စက်မှုဌာန အကြီးအကဲ ဆာလေးအာတီဖာက “ဒီစက်ရုံကို တိုက်ခိုက်မှုကြောင့် အလုပ်သမား ၂၅၀ မှ ၃၀၀ လောက် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပြီး ပစ္စည်းဆုံးရှုံးမှု ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၃ သန်းမှ ၁၄ သန်းကြား ရှိပါတယ်” လို့ ပြောပါတယ်။

အမေရိကန်စစ်တပ်က သူတို့ဟာ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထားတာလို့ ပြောဆိုပေမဲ့ အဲဒီသံမဏိစက်ရုံဟာ လုံးဝလွတ်လပ်တဲ့ အရပ်သားစက်ရုံဖြစ်ကြောင်း ဟူသီတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ ရက်အတွင်း ယီမင်နိုင်ငံ မြို့တော် ဆာနာမြို့ အနှံ့နဲ့ ဟူသီထိန်းချုပ်မှုအောက်ရှိ တခြား မြောက်ပိုင်းနဲ့ အနောက်ပိုင်းပြည်နယ် နေရာအများအပြားရှိ ဟူသီထိန်းချုပ်ထားတဲ့ စစ်ဘက်ဆိုင်ရာ နေရာတွေနဲ့ ဒါဇင်နဲ့ချီတဲ့ လူနေအိမ်တွေကို အမေရိကန် ဂျက်တိုက်လေယာဉ်တွေက ပစ်မှတ်ထားပြီး ဗုံးကြဲခဲ့ပါတယ်။

ဟူသီသူပုန်တွေကို အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ မတ် ၁၅ ရက်မှာ စတင်ခဲ့ပြီး သမ္မတ ဒေါ်နယ်ထရမ့်ပ် ရာထူးတက်လာပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းမှာ အကြီးမားဆုံး အမေရိကန်စစ်ရေး စစ်ဆင်ရေး ဖြစ်ပါတယ်။

အစ္စရေးဟာ ဂါဇာကမ်းမြောင်ကို ကုန်စည်နဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ဝင်ရောက်မှုကို မတ် ၂ ရက်က ရပ်ဆိုင်းခဲ့ပြီးနောက် ပင်လယ်နီမှာ တိုက်ပွဲတွေ အသစ်ပြန်ဖြစ်လာခဲ့ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပထမအဆင့် ပြီးဆုံးချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ဟူသီအဖွဲ့ဟာ ဂါဇာကမ်းမြောင် နယ်စပ်ဂိတ်တွေကို ပြန်လည်ဖွင့်လှစ်ပြီး အကူအညီတွေကို ဝင်ရောက်ခွင့် မပြုမချင်း ပင်လယ်နီ၊ အာရေဗျပင်လယ်၊ အေဒင်ပင်လယ်ကွေ့နဲ့ Bab al-Mandab ရေလက်ကြားတို့မှာ အစ္စရေးသင်္ဘောတွေကို တိုက်ခိုက်မှုတွေ ပြန်လည်စတင်မှာဖြစ်ကြောင်း အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013