
မန်စီးတီးတိုက်စစ်မှူး ဆီမင်ညိုအပေါ် လူမျိုးရေးခွဲခြားစော်ကားခဲ့တဲ့ အသက် ၇၁ နှစ်အရွယ် အဲဗာတန် ပရိသတ်တယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
အဲဗာတန်အသင်းက အဆိုပါပရိသတ်ကို အားကစားကွင်းတွေနဲ့ နီးစပ်ရာပတ်ဝန်းကျင်ကို ချဉ်းကပ်ခွင့် ပိတ်ပင်ထားပြီး ပြင်းထန်စွာ အရေးယူမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် မန်စီးတီးနောက်ခံလူ မာ့ဂူဟီလည်း အွန်လိုင်းမှာ လူမျိုးရေးခွဲခြားခံခဲ့ရပါတယ်။
ဆီမင်ညိုဟာ အခုရာသီမှာ အလားတူ စော်ကားမှုတွေကို အကြိမ်ကြိမ် ကြုံတွေ့နေရလို့ ကလပ်အသင်းတွေဘက်က ကစားသမားတွေကို အပြည့်အဝကာကွယ်သွားဖို့ ပြောကြားထားပါတယ်။










