DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် မြန်မာဘက်သို့ ပို့မည့်ကားများအပါအဝင် ရာနှင့်ချီ မီးလောင်ဆုံးရှုံး  (ဓာတ်ပုံ)
DVB
·
March 19, 2025
မဲဆောက်တွင် မြန်မာဘက်သို့ ပို့မည့်ကားများအပါအဝင် ရာနှင့်ချီ မီးလောင်ဆုံးရှုံး  (ဓာတ်ပုံ)
1 / 9
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ ထဆိုင်လွတ်ရပ်ကွက် နှစ်နိုင်ငံချစ်ကြည်ရေးတံတားအမှတ် ၂ အနီးရှိ ယာဉ်ရပ်နားရာ ကားဝင်းထဲမှာ မတ် ၁၈ ရက် မနေ့ညက မီးလောင်မှုဖြစ်ပွါးပြီး မော်တော်ကား အစီးရေ ရာနဲ့ချီ မီးလောင်ဆုံးရှုံးသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

မနေ့ ည ၇ နာရီခွဲလောက်က စတင်လောင်ကျွမ်းပြီး  သက်ဆိုင်ရာကယ်ဆယ်ရေးတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်တွေက အချိန် ၂ နာရီကြာ မီးငြှိမ်းသတ်ခဲ့ရတယ်၊  ည ၁၀ နာရီထိုးခါနီးမှ မီးညွန့်ကျိုးသွားတယ်၊ ထိခိုက်ဒဏ်ရာရသူမရှိပေမဲ့ ကားကွင်းထဲရပ်ထားတဲ့ ကားအစီးရေ ၃၀၀ ကျော် မီးလောင်ဆုံးရှုံးသွားတယ်လို့   The Standard ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဒါပေမဲ့ AEC အာဆီယံထိုင်းသတင်းမှာတော့ အဆိုပါကားကွင်းထဲမှာ မော်တော်ကားအစီးပေါင်း ၈၀၀ ကျော်ရှိပြီး ၂၀၀ ကျော်မီးလောင်ဆုံးရှုံးတယ်၊  မီးလောင်မှုကို မီးသတ်ကား အစီးပေါင်း ၂၀ နဲ့ အချိန် ၃ နာရီကြာ  ငြှိမ်းသတ်ခဲ့ရတယ်လို့  ဖော်ပြပါတယ်။ 

အဆိုပါကားကွင်းဟာ တာ့ခ်ခရိုင် အကောက်ခွန်ဦးစီးဌာနအပိုင်ဖြစ်ပြီး ကားအစီးရေ စုစုပေါင်း ၁၀၀၀ လောက်ရပ်နားထားတယ်။  အဲဒီထဲမှာ အမှုအခင်းဖြစ်နေတဲ့ကားနဲ့ နိုင်ငံပိုင်အဖြစ်အ သိမ်းဆည်းထားတဲ့ ကားတွေပါဝင်သလို မြန်မာနိုင်ငံဘက်ကိုပို့ဆောင်မယ့်ကားတွေလည်းပါဝင်ကာ အများစုမှာ ဂျပန်နိုင်ငံထုတ် တပတ်ရစ်ကားတွေဖြစ်တယ်။

မြန်မာဘက်ခြမ်း မြဝတီခရိုင်ဘက်မှာ တိုက်ပွဲတွေဖြစ်နေတာ အထူးသဖြင့် တံတားအနီး မိုင်းပေါက်ကွဲမှုတွေရှိခဲ့တာကြောင့် တဘက်ကမ်းသို့  မပို့ဆောင်နိုင်သေးတာလို့ မဲဆောက် အကောက်ခွန် အရာရှိတယောက်က  သတင်းထောက်တွေကို ပြောပါတယ်။

အဆိုပါကားတွေကို လေလံတင်ရောင်းချဖို့ ကြေညာထားပေမဲ့ ဈေးကြီးတာကြောင့် ဝယ်မယ့်သူမရှိဘူး၊  ဈေးလျော့ချဖို့ စီစဉ်နေဆဲ ခုလိုမီးလောင်ခံရတာလို့ ဆိုပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013