
ပြင်သစ်ရဲတွေဟာ မတ် ၁၈ ရက်မှာ မြို့တော် ပါရီက ယဉ်ကျေးမှုစင်တာတခုကို သိမ်းပိုက်ထားတဲ့ ရာချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို နှင်ထုတ်ခဲ့ပါတယ်။
ရာချီတဲ့ ဆန္ဒပြသူတွေဟာ ဂိတ်ထ်ရေလိထ် ယဉ်ကျေးမှုစင်တာ အပြင်ဘက်မှာ ညတွင်းချင်း စုဝေးခဲ့ကြပြီး ရွှေ့ပြောင်းနေထိုင်သူတွေကို နှင်ထုတ်တဲ့အမိန့်ကို ဆန့်ကျင်ကြွေးကြော်ခဲ့ကြပါတယ်။
“ကျနော်တို့မှာ သွားစရာနေရာမရှိဘဲ၊ အပြင်မှာအိပ်နေရတယ်။ အမိုးလိုပြီး ဒီဆောင်းရာသီက ဒီမှာ အရမ်းအေးနေလို့ အပြင်မှာ အိပ်နေရမှာတော့ မဟုတ်ဘူး” လို့ ဂီနီနိုင်ငံက ရွှေ့ပြောင်းနေထိုင်သူတယောက်က ပြောပါတယ်။
ကျနော်တို့မှာ ယဉ်ကျေးမှုဌာနကို သိမ်းပိုက်ဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ဘူးလို့လည်း သူက စင်တာကနေ ထွက်လာအပြီး မကြာခင်မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
သိမ်းပိုက်သူတွေဟာ အဓိကအားဖြင့် အင်အားမသုံးဘဲ အင်္ဂါနေ့အစောပိုင်းမှာ အဆောက်အအုံထဲကနေ ထွက်ခွာခဲ့ကြပါတယ်။
မကြာမီ ထပ်စုရုံးနေတဲ့ အဆောက်အအုံနားက ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစုခွဲခဲ့ပါတယ်။
Source: Reuters