DVB Logo
Home
မြန်မာသတင်း
လေကြောင်းရန်ကာကွယ်ရေး တပ်ကြပ် ၁ ဦးနှင့် ခလရ ၂၅၃ က တပ်သားသစ် ၂ ဦး အလင်းဝင်
DVB
·
March 18, 2025
လေကြောင်းရန်ကာကွယ်ရေး တပ်ကြပ် ၁ ဦးနှင့် ခလရ ၂၅၃ က တပ်သားသစ် ၂ ဦး အလင်းဝင်
1 / 6
Donate to DVB

စစ်ကောင်စီလက်အောက်ခံ လေတပ်က တပ်ကြပ်တယောက်နဲ့ ခလရ ၂၅၃ တပ်ရင်းက တပ်သားသစ် ၂ ယောက်တို့ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ မတ် ၁၃ ရက်မှာ အလင်းဝင်ရောက်လာတယ်လို့ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တံတားဦး ပကဖ) က မတ် ၁၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

တံတားဦး ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံက “အလင်းဝင်လာကြတဲ့သူတွေက ဝမ်းတွင်းမြို့နယ် အခြေစိုက်တဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်က တပ်ကြပ်တဦးနဲ့ စလင်းမြို့နယ်အခြေစိုက် ခလရ ၂၅၃ တပ်ရင်းက ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရတဲ့ တပ်သားသစ် ၂ ဦးပါ” လို့ ပြောပါတယ်။

အဆိုပါ အလင်းဝင်ရောက်လာကြသူတွေဟာ ဝမ်းတွင်းမြို့နယ်အခြေစိုက် အမှတ် ၂၀၂၇ မိုင်းမော လေကြောင်းရန်ကာကွယ်ရေးတပ်က တပ်ကြပ် အောင်မိုးနဲ့ စလင်းမြို့နယ်အခြေစိုက် ခလရ ၂၅၃ တပ်ရင်းက စစ်မှုထမ်းတပ်သားသစ် ကျော်အောင်နဲ့ ဗြားကြီးတို့ ဖြစ်ကြပြီး လေကြောင်းရန်ကာကွယ်ရေးတပ်က တပ်ကြပ် အောင်မိုးဟာ MA1 သေနတ် ၁ လက်၊ ကျည် ၁၆၂ တောင့်၊ ဗုံးသီး ၂ လုံး၊ နင်းမိုင်း ၁ လုံး၊ G3 ကျည် ၁၀ တောင့်နဲ့ MA1 ကျည်ဘောက် ၃ ဘောက်တို့နဲ့အတူ အလင်းဝင်ရောက်လာခဲ့​ကြတာလို့ ဆိုပါတယ်။

“လက်နက်ခဲယမ်းတွေပါလာတဲ့ ကိုအောင်မိုးကို ၂၅ သိန်း ချီးမြှင့်ပေးထားပါတယ်။ ကျန်တဲ့ရဲဘော် ၂ ယောက်က ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးလာခဲ့ရလို့ ဘာလက်နက်မှ ပါမလာဘူး။ ဒါပေမဲ့ သူတို့ကိုလည်း ၂ သိန်းခွဲစီ ချီးမြှင့်ပေးလိုက်ပါတယ်။ အခုချီးမြှင့်လိုက်တာကလည်း ကျနော်တို့အဖွဲ့က တတ်နိုင်သလောက် လုပ်ပေးထားတာပါ။ သူတို့ကို အထက်အဖွဲ့အစည်းတွေကလည်း ဆုကြေးငွေ ထပ်ပြီးချီးမြှင့်ပေးဖို့ ဆောင်ရွက်နေကြပါတယ်။ သူတို့က လွတ်မြောက်နယ်မြေထဲ သွားချင်တယ်လို့ တောင်းဆိုလာကြလို့ ၃ ယောက်လုံး လွတ်မြောက်နယ်မြေတခုထဲကိုလည်း ပို့ဆောင်ထားပေးပြီပါပြီ” လို့ တံတားဦး ပကဖ တာဝန်ခံ ကိုဘဂျမ်းက DVB ကို ပြောပါတယ်။

စလင်းမြို့နယ်အခြေစိုက် ခလရ ၂၅၃ တပ်ရင်းက အလင်းဝင်ရောက်လာကြတဲ့ တပ်သားသစ် ကျော်အောင်ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လထဲမှာ အလုပ်ပြန်လာရင်း ပေါ်တာဆွဲခံခဲ့ရတာဖြစ်ပြီး တပ်သား ဗြားကြီးကတော့ ပြီးခဲ့တဲ့နှစ် မေလထဲမှာ မနက်စော အလုပ်အသွား လမ်းမှာ ပေါ်တာဆွဲခံခဲ့ရတာလို့လည်း ဆိုပါတယ်။

ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီတပ် လက်အောက်မှာ ကျန်ရှိနေကြသူတွေ အနေနဲ့လည်း ကိုယ်တိုင်ဆန္ဒမပါဘဲ အမိန့်အရ လုပ်နေရတယ် ဆိုတာထက် မိမိကိုယ်တိုင် ကြိုးစားရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ကို အမြန်ဆုံး ခိုလှုံလာကြဖို့ တိုက်တွန်းဖိတ်ခေါ်ထားတယ်လို့ တံတားဦး ပကဖ ဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013