
မက္ကဆီကိုသမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ်ဟာ သူ့ရဲ့ဖုန်းနံပါတ်ဟောင်းနဲ့ အီးမေးလ်အကောင့်တခု ဖောက်ထွင်းခံရကြောင်း မတ် ၁၇ ရက်က အတည်ပြုခဲ့ပြီး အဲဒီကိစ္စနဲ့ပတ်သက်တဲ့ New York Times ရဲ့ သတင်းဆောင်းပါးတခုကို တုံ့ပြန်ခဲ့ပါတယ်။
အီးမေးလ်ကလည်း လက်ရှိ မသုံးစွဲတော့တဲ့ အဟောင်းဖြစ်ပြီး ဖုန်းကလည်း “ကိုယ်ရေးကိုယ်တာ ဆက်သွယ်မှု” အတွက် အသုံးမပြုတော့ဘဲ သူ့ထောက်ခံသူတွေနဲ့ စကားပြောဖို့အတွက်ပဲ သုံးတဲ့ဖုန်းသာဖြစ်တယ်လို့လည်း သမ္မတ ရှိန်းဘောင်းမ်က ပြောပါတယ်။
အီးမေးလ်အကောင့်အဟောင်းက လူသိများတဲ့အကောင့်ဖြစ်ပြီး ဖုန်းနံပါတ်ကလည်း သတင်းစာမှာ ပြထားတဲ့နံပါတ် ဖြစ်တာကြောင့် လူအတော်များများမှာ အဲဒီနံပါတ် ရှိနေပြီးသားလို့လည်း ဆိုပါတယ်။
သမ္မတ ရှိန်းဘောင်းမ်ဟာ မူးယစ်ရာဇာ အယောက် ၃၀ နီးပါးကို အမေရိကန်ကို လွှဲပြောင်းပေးခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၇ ရက်မှာ သူ့ရဲ့ဖုန်းနံပါတ် အဟက်ခံရတာကို သတိထားမိခဲ့တာကြောင့် သိသိချင်းပဲ လိုအပ်တဲ့ သတိပေးချက်တွေကို လုပ်ဆောင်ခဲ့တယ်လို့ သမ္မတက ပြောပါတယ်။
“သူ့ဖုန်းနဲ့ အီးမေးလ်အကောင့် ဟက်ခံရတာကို Apple ကုမ္ပဏီရဲ့ ဒစ်ဂျစ်တယ် အသွင်ပြောင်းရေး အေဂျင်စီ (DTA) ကို ချက်ချင်း ဖုန်းဆက်လိုက်တာမှာ DTA ကလည်း အဟက်ခံရတာကို မြန်မြန်ဆန်ဆန်နဲ့ သိရှိ သဘောပေါက်ပြီး အရေးယူ ဆောင်ရွက်ပေးခဲ့ပါတယ်။”
သူ့ကို ဘယ်သူက ဟက်ခ် လုပ်ခဲ့တယ် ဆိုတာကို မသိရသေးပေမဲ့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်းလည်း ဆိုပါတယ်။
Source : Reuters