
ပြီးခဲ့တဲ့ နွေရာသီကတည်းက နိုင်ငံတကာ အာကာသစခန်း ISS မှာ သောင်တင်နေတဲ့ အာကာသယာဉ်မှူး ၂ ယောက်ဟာ ကမ္ဘာကို ပြန်လာပြီဖြစ်ပါတယ်။
ဆူနီဝီလျံနဲ့ ဘတ်ဝီလ်မိုးတို့ ၂ ယောက်ဟာ SpaceX Crew Dragon နဲ့ ကမ္ဘာကို ပြန်လာတာလည်း ဖြစ်ပါတယ်။
ဆူနီဝီလျံနဲ့ ဘတ်ဝီလ်မိုးတို့ဟာ ၂၀၂၄ ဇွန်လက ဘိုးရင်းစတားလိုင်နာကို စမ်းသပ်ဖို့ ၈ ရက် ခရီးနှင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဘိုးရင်းစတားလိုင်နာဟာ နည်းပညာပြဿနာတွေရှိလို့ သူတို့ ၂ ယောက်ကို နိုင်ငံတကာ အာကာသစခန်း ISS မှာ နေဖို့ နာဆာက ဆုံးဖြတ်ခဲ့တာပါ။ သူတို့စီးလာတဲ့ ဘိုးရင်းစတားလိုင်နာကိုတော့ လူမပါဘဲ ကမ္ဘာကို ပြန်စေခဲ့ပါတယ်။
နာဆာ အာကာသယာဉ်မှူး ၂ ယောက်ရဲ့ အိမ်ပြန်ခရီးဟာ ၁၇ နာရီနီးပါး ကြာမြင့်မယ်လို့ ခန့်မှန်းရပါတယ်။
ဘတ်နဲ့ ဆူနီတို့ဟာ နာဆာအာကာသယာဉ်မှူး နစ်ဟာ့နဲ့ ရုရှားအာကာသယာဉ်မှူး အလက်ဇန္ဒား ဂါဘူနော့ဗ် တို့နဲ့အတူ ကမ္ဘာကို ပြန်လာမှာ ဖြစ်ပါတယ်။
ဟာဂူနဲ့ ဂါဘူနော့ဗ်တို့ဟာ SpaceX Dragon ယာဉ်နဲ့ စက်တင်ဘာလတုန်းက နိုင်ငံတကာ အာကာသစခန်းကို ရောက်နေတဲ့သူတွေ ဖြစ်ပါတယ်။
ဂါဘူနော့ဗ်ရဲ့ ခရီးစဉ်ဟာ သူ့အတွက် ပထမဆုံး ခရီးစဉ်ဖြစ်ပြီး နစ်ဟာ့ ကတော့ ၂၀၁၉ ခုနှစ်မှာ အာကာသစခန်းအတွင်း ရက်ပေါင်း ၂၀၃ ရက်ကြာ နေထိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကမ္ဘာကို ပြန်မယ့် ခရီးစဉ်မှာ လိုက်ပါသူ ၄ ယောက်ရှိမှာ ဖြစ်ပါတယ်။
နာဆာက မစ်ရှင်တခုကို လူ ၄ ယောက်စီ စေလွှတ်လေ့ရှိခဲ့ပြီး ခရူ ၂ ယောက်နဲ့ အရန်လိုက်ပါသူ ၂ ယောက်အဖြစ် ဘတ်နဲ့ ဆူနီ ကမ္ဘာကို ပြန်ဖို့ ထည့်လိုက်တာပါ။
Source : Reuters