DVB Logo
Home
မြန်မာသတင်း
ခွင့်ပြန်အလုပ်သမားများ OWIC ကတ်လုပ်ရန် နေပြည်တော်အထိ လျှောက်ရမည်
DVB
·
March 18, 2025
ခွင့်ပြန်အလုပ်သမားများ OWIC ကတ်လုပ်ရန် နေပြည်တော်အထိ လျှောက်ရမည်
Donate to DVB

ခွင့်ပြန်အလုပ်သမားတွေအနေနဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်လုပ်ဖို့ အတွက် နေပြည်တော်အထိ လျှောက်ရမယ်လို့ စစ်ကောင်စီသြဇာခံ အလုပ်သမား ဝန်ကြီးဌာနရဲ့ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက အသိပေးထားပါတယ်။

အရင်က ခွင့်ပြန်အလုပ်သမားတွေအနေနဲ့ OWIC ကတ်ကို ရန်ကုန်တိုင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံးမှာ လျှောက်ထားပြုလုပ်ရတာဖြစ်ပြီး အခုပြန်ဖွင့်ပေးလိုက်ပြီးတဲ့ နောက်မှာ နေပြည်တော်ကို ပေးပို့ လျှောက်ထားရမယ်လို့ ဆိုပါတယ်။

“နေပြည်တော်ကို စာတိုက်အမြန်ချောနဲ့ စာရွက်စာတမ်းစုံလင်စွာ တင်ပြရပါမယ်ဗျ။ ခွင့်ပြုချက်ရရင် မြောက်ဒဂုံရုံးမှာ ထုတ်ရမှာပါဗျ။ လတ်တလောတော့ စက်တွေ ပြောင်းရွှေ့ တပ်ဆင်နေဆဲမို့လို့ ခဏသည်းခံစောင့်ဆိုင်းပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျ” လို့ အဲဒီဌာနက အသုံးပြုနေတဲ့ တယ်လီဂရမ်အကောင့်ကနေ အသိပေးထားပါတယ်။

စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၄ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားတွေ အပါအဝင် ပြည်ပထွက် အလုပ်လုပ်မယ့်သူတွေအတွက် OWIC ကတ် ထုတ်ပေးတာကို ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။

ဒီကာလအတွင်း ပြည်ပမှာအလုပ်လုပ်ဖို့ ထွက်ခွာမယ့်သူတွေစာရင်း စိစစ်တာ၊ OWIC ကတ် ထုတ်ပေးတဲ့စက်တွေမှာ တပ်ဆင်ထားတဲ့ Software တွေ ပြုပြင်တာ၊ OWIC ကတ် ထုတ်ပေးရေးစင်တာတွေ တနေရာတည်း ပေါင်းစည်းတာ၊ အလုပ်ရှင်/အလုပ်သမား စာချုပ်ချုပ်တဲ့နေရာတွေ တစုတစည်းတည်းဖြစ်အောင် ပြင်ဆင်တာ စတဲ့လုပ်ငန်းတွေ ဆောင်ရွက်နေတာကြောင့် OWIC ကတ် ထုတ်ပေးရေးလုပ်ငန်းစဥ်ကို ခေတ္တရပ်ဆိုင်းခဲ့တာလို့ အဲဒီဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒီလို OWIC ကတ် ထုတ်ပေးတဲ့ လုပ်ငန်းစဥ် ရပ်နားထားချိန်မှာ အလုပ်စာချုပ်ချုပ်ပြီး ထွက်ခွာမယ့် အလုပ်သမား ၇၀,၀၀၀ နီးပါးမှာ ထွက်ခွင့်မရဘဲ စောင့်ဆိုင်းနေခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက် OWIC ကတ် အသစ်ပြုလုပ်လိုသူတွေကို မတ် ၂၀ ရက်ကစပြီး ပြန်လည် ထုတ်ပေးသွားမှာဖြစ်သလို PJ နိုင်ငံကူးလက်မှတ်နဲ့ OWIC ကတ် လက်ဝယ်ရှိထားတဲ့ ခွင့်ပြန်အလုပ်သမားတွေ ခွင့်ရက်စေ့လို့ ပြန်မယ်ဆိုရင် မတ် ၁၇ ရက်ကစလို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့အတူ လျှောက်ထားကာ ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်ဖို့အတွက် ခွင့်ပြုချက် ရယူရမယ်လို့လည်း ကနဦး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ OWIC နဲ့ လေယာဉ်လက်မှတ်ရရှိပြီးသူတွေကိုပဲ အီးလ်မေးကနေ ပြည်ပထွက်ခွာခွင့် တင်ပြဖို့ ကြေညာထားပေမဲ့ သင်တန်းတက်ရောက်ခွင့်၊ OWIC ပြုလုပ်ခွင့်တွေကိုပါ ပို့လာကြလို့ မတ် ၁၇ ရက်က ပြည်ပထွက်ခွာမယ့်စာရင်းကို ပြုစုရာမှာ အခက်အခဲများစွာနဲ့ နှောင့်နှေးကြန့်ကြာမှုတွေ ကြုံတွေ့နေရတယ်လို့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနရဲ့ တယ်လီဂရမ်အကောင့်ကနေ အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013