DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကင်မ်အဲရစ်နှင့် ဘော်စတွန်မြို့က မြန်မာမိသားစုများတွေ့ဆုံ (ဓာတ်ပုံ) 
DVB
·
March 18, 2025
ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကင်မ်အဲရစ်နှင့် ဘော်စတွန်မြို့က မြန်မာမိသားစုများတွေ့ဆုံ (ဓာတ်ပုံ) 
1 / 10
Donate to DVB

အမေရိကန်ပြည်ထောင်စု၊ ဘော်စတွန်မြို့က မြန်မာမိသားစုတွေနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကင်မ်အဲရစ်(ခ)ကိုထိန်လင်းတို့ ဒေသစံတော်ချိန် မတ် ၁၆ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။

ကိုထိန်လင်းဟာ မိခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ ကမ်ပိန်းအတွက် အမေရိကန်ပြည်ထောင်စုကို ရောက်နေတာဖြစ်ပြီး နယူးယောက်မြို့ကနေ ဘော်စတွန်မြို့ကို ခရီးဆက်ခဲ့တာ ဖြစ်ပါတယ်။

တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရေး၊ မြန်မာနိုင်ငံက စစ်ဘေးသင့် ပြည်သူတွေအတွက် လူသားစာနာအကူအညီတွေ ပိုမိုရရှိနိုင်ရေး၊ မြန်မာပြည်နိုင်ငံရေး အကျပ်အတည်းတွေအတွက် နိုင်ငံတကာက အရေးတကြီး ဆောင်ရွက်ဖို့ လိုအပ်နေတာတွေကို တိုက်တွန်းတောင်းဆိုဖို့ အမေရိကန်နိုင်ငံကို လာရောက်ခဲ့တာလို့ ကိုထိန်လင်းက ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ကိုထိန်လင်းဟာ အမေရိကန်ပြည်ထောင်စု၊ မြို့ ၈ မြို့က မြန်မာပြည်သူတွေနဲ့တွေ့ ဆုံသွားမှာဖြစ်ပြီး ဘော်စတွန်မြို့ဟာ ခရီးစဉ်ရဲ့ ဒုတိယမြောက်မြို့ဖြစ်ပါတယ်။

ဘော်စတွန်တွေ့ဆုံပွဲကို ပြည်သူ့ဂုဏ်ရည်အသင်း New England က ဦးစီးပြုလုပ်ခဲ့ပြီး ကိုထိန်လင်းက နောက်ထပ်ဆောင်ရွက်မယ့် မြန်မာပြည်သူတွေကို အကူအညီပေးရေး ပရောဂျက်တွေကိုလည်း ရှင်းလင်းတင်ပြခဲ့ပါတယ်။

အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဆုတောင်းပြက္ခဒိန် (Suu 80th Birthday Calendar) ဟာ ဒေါ်လာ ၂၅၀၀ နဲ့ လေလံအောင်ခဲ့ပြီး ကိုထိန်လင်းလက်မှတ်ရေးထိုးထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကား ၈ ချပ်ကို တချပ်ဒေါ်လာ ၁၀၀၀ နဲ့ရောင်းချနိုင်ခဲ့ပါတယ်။

တွေ့ဆုံပွဲကရလာတဲ့ ရန်ပုံငွေအားလုံးကို မြေပြင်လိုအပ်တဲ့နေရာတွေဆီ တိုက်ရိုက်ပေးပို့ လှူဒါန်းသွားမှာဖြစ်ပြီး အခမ်းအနားတက်ရောက်လာသူတွေက အသက် ၈၀ အရွယ်ဖမ်းဆီး ထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ရေးနဲ့ ကျန်းမာစေရေးအတွက် မွေးနေ့အတွက် အကြိုဆုတောင်းပေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013