DVB Logo
Home
မြန်မာသတင်း
စေလွှတ်ရန်ကျန်သည့် အလုပ်သမားများကို လွှတ်ပြီးမှ အလုပ်ခေါ်စာအသစ်ခွင့်ပြုမည်
DVB
·
March 17, 2025
စေလွှတ်ရန်ကျန်သည့် အလုပ်သမားများကို လွှတ်ပြီးမှ အလုပ်ခေါ်စာအသစ်ခွင့်ပြုမည်
Donate to DVB

စေလွှတ်ဖို့ကျန်တဲ့ အလုပ်သမားတွေကို လွှတ်ပြီးမှ အလုပ်ခေါ်စာအသစ် (Demand Letter) တင်ပြတာကို ခွင့်ပြုသွားမယ်လို့ မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MOEAA) က အေဂျင်စီတွေကို အသိပေးထားပါတယ်။

ဇန်နဝါရီ ၃၀ ရက်မတိုင်ခင် ထိုင်းနိုင်ငံအတွက် အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်ချုပ်ပြီးတဲ့ အလုပ်သမားတွေနဲ့ အခြားနိုင်ငံသွားမယ့် အလုပ်သမားတွေအတွက် Demand Letter မှန်ကန်မှုရှိလို့ စေလွှတ်ရေးလုပ်ငန်းစဥ်တွေ ဆက်ပြီးဆက်လက်ခွင့်ပြုကြောင်း အကြောင်းကြားပြီးတဲ့ Demand Letter တွေအတွက် စေလွှတ်ခွင့်ကို စတင်ဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ စေလွှတ်ဖို့ကျန်တဲ့ အလုပ်သမားတွေကို သက်ဆိုင်ရာ နိုင်ငံအလိုက် စေလွှတ်ပြီးမှ Demand Letter အသစ်တင်ပြတာကို ခွင့်ပြုပေးသွားမယ်လို့ အသိပေးဖော်ပြထားပါတယ်။

အဲဒီလို သက်ဆိုင်ရာနိုင်ငံအလိုက် စေလွှတ်ဖို့ကျန်တဲ့ အလုပ်သမားတွေကို စေလွှတ်ပြီးရင် သက်ဆိုင်ရာနိုင်ငံအလိုက် Demand Letter အသစ်တင်နိုင်ပြီဖြစ်ကြောင်း အကြောင်းကြားသွားမှာဖြစ်ကြောင်း ဆက်လက်ဖော်ပြထားပါတယ်။

လက်ရှိမှာ အလုပ်သဘောတူစာချုပ်ချုပ်ပြီး OWIC ကတ်လုပ်ဖို့ စောင့်ဆိုင်းနေတဲ့ အလုပ်သမား ၇၀,၀၀၀ နီးပါး ရှိတာကြောင့် အလုပ်သမားအသစ်တွေအတွက် ပြည်ပထွက်ခွင့်မှာ စောင့်ဆိုင်းရချိန်ကြာမြင့်နိုင်မယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တချို့က ဆိုပါတယ်။

အေဂျင်စီလုပ်ငန်းရှင်တယောက်က “Demand အသစ်တွ်က ဘယ်လောက်ကြာမယ်မပြောနိုင်ဘူး။ အခုစောင့်ဆိုင်းတဲ့သူတွေ ပြီးပြတ်ဖို့ဆိုတာကလည်း ကြာမှာ။ နောက်လူသစ်တွေအတွက်က အခွင့်အလမ်းသိမ့်မရှိဘူး” လို့  ပြောပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၃၀ နောက်ပိုင်း ဦးစီးဌာနဆီတင်ပြခဲ့တဲ့ Demand Letter တွေကိုလည်း အေဂျင်စီတခုလျှင် တင်ပြရမယ့် ကန့်သတ်ဦးရေစာရင်းကို ထပ်မံအကြောင်းကြားသွားမယ်လို့လည်း အသိပေးစာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် အေဂျင်စီတွေအနေနဲ့ အရင်လို အလုပ်သမားလွှတ်ချင်သလောက် လွှတ်ခွင့်မရတော့ဘဲ ကန့်သတ်ဦးရေအရပဲ လွှတ်ရမယ့် ထိန်းချုပ်မှူမျိုး ရှိလာတာဖြစ်ပါတယ်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ဖေဖော်ဝါရီ ၁၄ ရက်ကစကာ ပြည်ပအလုပ်အကိုင်သက်သေခံကတ် (OWIC) ထုတ်ပေးတာကို ရပ်နားခဲ့တာကြောင့် ပြည်ပထွက်မယ့် အလုပ်သမားသောင်းချီ ပိတ်မိနေပါတယ်။

အဲဒီ OWIC ကတ်ထုတ်ပေးတာကို မတ် ၂၀ ရက်ကစပြီး ပြန်ခွင့်ပြုပေးမယ်လို့ စစ်ကောင်စီက ကြေညာထားပြီး Demand Letter အသစ်တွေ ဆက်ပိတ်ထားမယ့်အကြောင်း အသိပေးလာတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013