
ဒီနှစ်ရာသီအတွက် ဖော်မြူလာဝမ်း အဖွင့်ပြိုင်ပွဲဖြစ်တဲ့ ဩစတြေးလျ ဂရန်းပရီမှာ မက်ကလယ်ရန်အသင်းရဲ့ ကားမောင်းသမား လန်ဒို နော်ရစ်(စ်)ဟာ ချန်ပီယံအောင်မြင်မှု ရရှိခဲ့ကြောင်း သိရပါတယ်။
အဲဒီပြိုင်ပွဲမှာ မိုးရွာသွန်းမှုနဲ့အတူ မတော်တဆမှုတွေပါ ရှိခဲ့ပေမဲ့လည်း လက်ရှိ ကမ္ဘာ့ချန်ပီယံ မက်စ် ဗာစတာပန်ကို ဗြိတိန်နိုင်ငံသား နော်ရစ်(စ်)က ကျော်ဖြတ်အနိုင်ယူခဲ့တာပါ။
မနှစ်က ကမ္ဘာ့ချန်ပီယံဆုအတွက် ဗာစတာပန်ရဲ့နောက်မှာ ကပ်လျက်ရှိနေခဲ့တဲ့ နော်ရစ်(စ်)ဟာ ဒီနှစ်မှာ ချန်ပီယံဖြစ်လာဖို့အထိ ရည်ရွယ်ထားတဲ့အလျောက် ရာသီအစပြိုင်ပွဲကို အနိုင်ရအောင် ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။
၄ ကြိမ်ဆက် ကမ္ဘာ့ချန်ပီယံ ဗာစတာပန်ဟာ ပန်းဝင်ခါနီးအထိ ဖိအားပေးနိုင်ခဲ့ပေမဲ့လည်း နော်ရစ်(စ်)ကသာ သူ့ရဲ့ ၅ ခုမြောက် ချန်ပီယံဆုကို အရယူနိုင်ခဲ့ပါတယ်။
၁၂ နှစ်ကြာ လက်တွဲခဲ့တဲ့ မာစီဒီးစ်အသင်းကို စွန့်ခွာပြီးနောက် ဖာရာရီအသင်းနဲ့ ပွဲထွက်လာခဲ့တဲ့ လူးဝစ်(စ်) ဟာမီလ်တန်ကလည်း အဆင့် ၁၀ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။
ဒါကြောင့် ကမ္ဘာ့ချန်ပီယံ ၇ ဆုရှင် ဟာမီလ်တန်က သူ မျှော်မှန်းထားတာထက်ကို “ပိုပြီးဆိုးရွားခဲ့တယ်” လို့ ဝန်ခံပြောဆိုသွားပါတယ်။
အသက် ၁၈ နှစ်အရွယ်မှာတင် ဖော်မြူလာဝမ်းရဲ့ အငယ်ဆုံးကားမောင်းသမား ဖြစ်လာခဲ့တဲ့ အန်ဒရေ အန်တိုနယ်လီဟာ စတုတ္ထနေရာအထိ တက်လှမ်းနိုင်ခဲ့သလို တသင်းတည်းသားဖြစ်တဲ့ မာစီဒီးစ် ကိုယ်စားပြု ဂျော့ချ် ရက်ဆဲလ်ကလည်း တတိယနေရာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဗြိတိန်နွယ်ဖွား ထိုင်းကိုယ်စားပြု ပြိုင်ပွဲဝင်ဖြစ်သူ အဲလက်စ် အယ်လ်ဘန် ကတော့ ပဉ္စမနေရာကို ရရှိသွားပါတယ်။
လာမယ့်သီတင်းပတ်ကုန်မှာ တရုတ်ဂရန်းပရီပြိုင်ပွဲကို ဆက်တိုက်ကျင်းပဖို့ ရှိနေတဲ့အတွက် ပြိုင်ပွဲဝင်အသင်းတွေနဲ့ ကားမောင်းသမားတွေက အနားယူဖို့ အချိန်ရှိမှာမဟုတ်ဘူးဆိုပြီး ဖော်ပြထားပါတယ်။
Source : Reuters










