DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ရှိ ဆင်ဇလုပ်ဂိတ်စခန်း တိုက်ခိုက်ခံရ
DVB
·
March 17, 2025
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ရှိ ဆင်ဇလုပ်ဂိတ်စခန်း တိုက်ခိုက်ခံရ
Donate to DVB

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး​ပေါ်က ၁၀၁ မိုင်အနီးက စစ်ကောင်စီရဲ့ ဆင်ဇလုပ် ဂိတ်စခန်းကို မတ် ၁၄ ရက် ည ၁၂ နာရီကျော်လောက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးတာဝန်ခံဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ ဆင်ဇလုပ်ဂိတ်စခန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိသွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

စစ်ရေးတာဝန်ခံ ရဲဘော်မင်းခေါင်က “၁၀၁ ဆင်ဇလုပ်ဂိတ် စစ်ဆေးရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေ၊ ၃ ဦး ဒဏ်ရာရရှိသွားတယ်။ ပြည်သူတွေအနေနဲ့ ၁ မိနစ်ခွဲအချိန်အတွင်း ကား ၃ စီးလောက် အမြန်လမ်းကို ဖြတ်သန်းသွားလာနေတာကြောင့် စစ်ဆင်ရေးကို ၇၀ ရာခိုင်နှုန်းလောက်သာ ဖော်ဆောင်နိုင်ခဲ့တယ်” လို့ DVB ကို ပြောပါတယ်။

စစ်ဆင်ရေးက​ တောက်လျှောက်ဖော်ဆောင်သွားမှာဖြစ်လို့ ခရီးသွားယာဉ်တွေကို သတိပေးထားပါတယ်။

အဆိုပါ ဆင်ဇလုပ်ဂိတ်စခန်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု အခြေအနေကို DVB က သီးခြား အတည်မပြုနိုင်သေးပါဘူး။

အဲဒီတိုက်ခိုက်မှုကို အမှတ် ၂၂ ဗျူဟာ၊ ၃၇၀၁ ဒုတပ်ရင်း၊ အထူးစစ်ဆင်ရေးအဖွဲ့နဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ပကဖ ခွဲ ၂ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013