DVB Logo
Home
အားကစား
နယူးကာဆယ်အသင်း နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံးအကြိမ် ပြည်တွင်းဆုဖလား ဆွတ်ခူး
DVB
·
March 17, 2025
နယူးကာဆယ်အသင်း နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံးအကြိမ် ပြည်တွင်းဆုဖလား ဆွတ်ခူး
Donate to DVB

မနေ့ညက ယှဉ်ပြိုင်ကစားသွားတဲ့ ကရာဘောင် လိဂ်ဖလားဗိုလ်လုပွဲမှာ နယူးကာဆယ်အသင်းဟာ လီဗာပူးကို အနိုင်ရပြီး နှစ်ပေါင်း ၇၀ အတွင်းမှာ ပထမဆုံးအကြိမ် ပြည်တွင်းဆုဖလားတလုံး ပြန်လည်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

နယူးကာဆယ်အသင်းဟာ လီဗာပူးနဲ့ ဗိုလ်လုပွဲမှာ ဒမ်နီဘမ်း၊ အီဆက်ခ်တို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်ဂိုး ၂ ဂိုး ရရှိခဲ့ပြီး ပွဲပြီးခါနီးမှာ ချေပဂိုးတဂိုး ပြန်ပေးခဲ့ရကာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့တာပါ။

၁၉၅၅ ခုနှစ် FA ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုဖလား ရယူနိုင်ခဲ့ပြီးနောက် နှစ်ပေါင်း ၇၀ အတွင်းမှာ ပထမဆုံးအကြိမ် ပြည်တွင်းဆုဖလား ရယူနိုင်ခဲ့တာပါ။

နယူးကာဆယ်ဟာ ၁၉၆၉ ခုနှစ် အင်တာစီးတီးဖဲ ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရရှိခဲ့ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ဆုဖလားရရှိတဲ့အသင်း အဖြစ်လည်း မှတ်တမ်းဝင်ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့လည်း မျှော်လင့်နိုင်တဲ့ နယူးကာဆယ်အသင်းဟာ လိဂ်ဖလား ရယူနိုင်ခဲ့တာကြောင့် လာမယ့်ရာသီ ဥရောပဖလားပြိုင်ပွဲဝင်ခွင့်ရဖို့လည်း သေချာစေခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013