DVB Logo
Home
နိုင်ငံတကာ
မြောက်မက်ဆီဒိုးနီးယားတွင် နိုက်ကလပ်မီးလောင်ပြီး လူ ၅၀ ကျော် သေဆုံး
DVB
·
March 17, 2025
မြောက်မက်ဆီဒိုးနီးယားတွင် နိုက်ကလပ်မီးလောင်ပြီး လူ ၅၀ ကျော် သေဆုံး
Donate to DVB

မြောက်မက်ဆီဒိုးနီးယားနိုင်ငံ ကိုကာနီမြို့ ဆင်ခြေဖုံးမှာ ဒေသစံတော်ချိန် မတ် ၁၆ ရက် မနက် ၂ နာရီခွဲလောက်က နိုက်ကလပ် မီးလောင်ပြီးနောက် မတ် ၁၇ ရက် မနက်ထိ သေဆုံးသူဦးရေ ၅၉ ယောက် ရှိခဲ့ပါတယ်။

ဒေါသထွက်နေတဲ့ ဆွေမျိုးတွေက သေဆုံးသူတွေရဲ့ သတင်းအတွက် ဆေးရုံအပြင်ဘက်မှာ မတ် ၁၆ ရက်က စောင့်ဆိုင်းခဲ့ကြပါတယ်။

မီးလောင်လို့ ဒဏ်ရာရသူ ၁၄၈ ယောက်ကို စက်ကော့ပ်ဂျေ၊ ကိုကာနီနဲ့ အနီးတဝိုက်မြို့တွေမှာ ဆေးရုံတင်ထားရပြီး ဆေးကုဖို့ အိမ်နီးချင်းနိုင်ငံတွေဆီကိုပါ ခေါ်သွားခဲ့ရပါတယ်။

ခိုကာနီမြို့မှာနေတဲ့ မီဟေးလ် ဂါဗ်ရီလာ့ဗ်က မီးလောင်သေဆုံးတဲ့ မိန်းကလေးတယောက်ကို သိပြီး တခြားသူငယ်ချင်းတယောက်ကို ဆေးကုဖို့ ဘူလ်ဂေးရီးယားနိုင်ငံဆီ ခေါ်သွားခဲ့ရတယ်လို့ ပြောပါတယ်။

ဒီမီးလောင်မှုက “မြို့ကြီးတခုလုံးနဲ့ နိုင်ငံတခုလုံးအတွက် ဆိုးဆိုးရွားရွား” ပဲလို့ သူက ဆက်ပြောပါတယ်။

မီးလောင်မှုနဲ့ ပတ်သက်ပြီး လူ ၄ ယောက်ကို ဖမ်းဝရမ်းထုတ်ထားတယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပြီး ကလပ်ပိုင်ရှင်ကို ရဲတွေက ဖမ်းထားတယ်လို့ နိုင်ငံပိုင်သတင်းဌာန မီယာက ထုတ်ပြန်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013