DVB Logo
Home
နိုင်ငံတကာ
ထင်ရှားသည့် ရုရှားဆန့်ကျင်ရေးသမား ယူကရိန်းတွင် ပစ်သတ်ခံရ
DVB
·
March 16, 2025
ထင်ရှားသည့် ရုရှားဆန့်ကျင်ရေးသမား ယူကရိန်းတွင် ပစ်သတ်ခံရ
Donate to DVB

ထင်ရှားတဲ့ ရုရှားဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူယောက်ကို အမည်မသိ သေနတ်သမားတယောက်က ယူကရိန်းဆိပ်ကမ်းမြို့ ဩဒက်ဆာမှာ မတ် ၁၄ ရက်က ပစ်သတ်ခဲ့တယ်လို့  ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။

အသက် ၃၁ နှစ်အရွယ် အသတ်ခံရသူရဲ့ နာမည်ကို အာဏာပိုင်တွေက ထုတ်မပြောကြပေမဲ့ သူဟာ ယူကရိန်းမှာ ရုရှားလိုလားတဲ့ သမ္မတကိုဆန့်ကျင်တဲ့ ၂၀၁၄ မိုင်ဒန်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ဘလော့ဂါ ဒယ်နီယယ် ဟာနူး ဖြစ်တယ်လို့ ယူကရိန်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ အမိန့်အရ ကြိုတင်ပြင်ဆင်ထားတဲ့ လူသတ်မှုတခု ဖြစ်ကြောင်း အမျိုးသားရဲတပ်ဖွဲ့က Telegram အပလီကေးရှင်းပေါ်ကနေ ပြောခဲ့ပါတယ်။

ယူကရိန်းပြည်ထဲရေးဝန်ကြီးက သံသယရှိသူကို ခြေရာခံရာမှာကူညီဖို့ တိကျတဲ့သဲလွန်စတွေကို ရထားကြောင်း၊ အမျိုးသားရဲအကြီးအကဲလည်း စုံစမ်းစစ်ဆေးဖို့ ဩဒက်ဆာကို သွားနေတယ်လို့ ဆိုပါတယ်။ 

အဲဒီနေ့နှောင်းပိုင်းမှာ သံသယရှိသူကိုဖမ်းထားပြီလို့ သူ့ဆီ အကြောင်းကြားလာပြီလို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောပါတယ်။

ဩဒက်ဆာမြို့မှာရှိတဲ့ သမဂ္ဂအဆောက်အဦကို မီးရှို့တိုက်ခိုက်မှုအတွက်တာဝန်ရှိတဲ့ ဟာနူးကို ရုရှားနိုင်ငံပိုင် မီဒီယာက အရင်က နာဇီလက်သစ်လို့ တံဆိပ်ကပ်ခဲ့ဖူးပါတယ်။

မော်စကိုတရားရုံးက ဟာနူးအား ၂၀၂၄ ဧပြီမှာ ဆိုဗီယက်ခေတ် စစ်မော်ကွန်းတိုက်တွေကို ဖျက်ဆီးမှုအတွက် မျက်ကွယ်စီရင်ချက်ချမှတ်ခဲ့ပြီး ဒီပြစ်မှုဟာ ထောင်ဒဏ် နှစ်  ၂၀ ကျခံရနိုင်ပါတယ်။

ဟာနူးဟာ ခြိမ်းခြောက်ခံရတာကြောင့် အကာအကွယ်ပေးဖို့ ယူကရိန်းရဲကို မနှစ်က ဇူလိုင်မှာ အကူအညီတောင်းခံခဲ့ဖူးတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။  

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013