
ဘယ်သူဘယ်ဝါဆိုတာ မသိအောင် ဖုံးကွယ်ဖို့ မျက်နှာဖုံးစွပ်ထားတဲ့လူ အများစုပါတဲ့ လူ အယောက် ၁၀၀၀ လောက်ဟာ ဗြိတိန်မြို့တော် လန်ဒန်က တရုတ်သံရုံးသစ်အတွက် အဆိုပြုထားတဲ့ နေရာအပြင်ဘက်မှာ မတ် ၁၅ ရက်က ဆန္ဒပြခဲ့ကြပါတယ်။
တရုတ်သံရုံးအသစ်ဟာ လုံခြုံရေးကို ခြိမ်းခြောက်ပြီး အာဏာရှင်အစိုးရကို ဆုချီးမြှင့်နေတာလို့လည်း ပြောခဲ့ကြပါတယ်။
ဥရောပမှာ အကြီးဆုံးဖြစ်မယ့် သမိုင်းဝင်နေရာဖြစ်တဲ့ လန်ဒန် မျှော်စင်နားက တော်ဝင်ဒင်္ဂါးစက်ရုံဝင်းထဲမှာ တရုတ်အစိုးရက သံရုံးအသစ်တည်ဆောက်ဖို့ ကြိုးပမ်းနေပေမဲ့ စီမံကိန်းခွင့်ပြုချက် တောင်းထားတာကို ဒေသဆိုင်ရာကောင်စီက ပယ်ချခဲ့ပါတယ်။
ဒီနေရာဟာ ဗြိတိန်ရဲ့ ဘဏ္ဍာရေး အချက်အချာ လန်ဒန်မြို့စွန်မှာ ရှိနေတာပါ။ စီမံကိန်းကို ဆန့်ကျင်သူတွေက ဆောက်လုပ်ရေး လုပ်ငန်းခွင်ရဲ့ အောက်နဲ့ အနီးတဝိုက်မှာ ဒေတာကေဘယ်ကြိုးတွေရှိလို့ တရုတ်အာဏာပိုင်တွေဟာ ကြားဖြတ် ဖောက်ထွင်းယူနိုင်တဲ့ အတွက် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်မှာကို စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။
ဗြိတိန်ဒုတိယဝန်ကြီးချုပ် အိန်ဂျလာရေးနာက အပြီးသတ်ဆုံးဖြတ်ချက်ကို မေလမှာ ချမှတ်နိုင်တယ်လို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်။
Source: Reuters