
ယူကရိန်းမှာ ငြိမ်းချမ်းရေးရဖို့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့အတူ ညွန့်ပေါင်းထိပ်သီးအစည်းအဝေး ဆွေးနွေးဖို့ ဗြိတိန်ဝန်ကြီးချုပ်စတာမာက ကြိုးစားနေပါတယ်။
ဒေါင်းနင်းလမ်းရှိ ဗြိတိန်အစိုးရရုံးရဲ့ ပြောကြားချက်အရ ဥရောပနိုင်ငံတွေ အပါအဝင် ဥရောပသမဂ္ဂ ကော်မရှင်၊ နေတိုး၊ ယူကရိန်း၊ ကနေဒါနဲ့ တခြားနိုင်ငံတွေလည်း တက်ရောက်မယ်လို့ သိရပါတယ်။
အမေရိကန်က အဆိုပြုထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ရုရှားသမ္မတပူတင်အနေနဲ့ လှည့်စားမှာကို ခွင့်မပြုဘူးလို့ စတာမာက ပြောပါတယ်။
ယူကရိန်းနဲ့ အမေရိကန်တို့ သဘောတူထားတဲ့ ရက် ၃၀ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ရုရှားနိုင်ငံက လက်ရှိအချိန်အထိ သဘောတူတယ်လို့ ပြောဆိုတာမျိုး မရှိသေးပါဘူး။
ပူတင်ဟာ အဲဒီသဘောတူညီချက်ကို လက်ခံဖို့ အချိန်ဆွဲနေတယ်လို့ စတာမာက စွပ်စွဲထားပါတယ်။
ဗြိတိန်က ဦးဆောင်ပြီးပြုလုပ်မယ့် ညွန့်ပေါင်းထိပ်သီးအစည်းအဝေးပွဲရဲ့ ရည်ရွယ်ချက်က အမေရိကန်အနေနဲ့ ယူကရိန်းကို အနာဂတ်ကာလမှာ လုံခြုံရေးဆိုင်ရာ အာမခံမှုမျိုးပေးနိုင်ဖို့ ဥရောပက စည်းရုံးမှာဖြစ်ပါတယ်။
ပူတင်က ရက် ၃၀ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး လိုအပ်တာတွေ ချပြခဲ့တာကြောင့် ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ပူတင်ကို လှည့်စားသူလို့ တုံ့ပြန်ခဲ့ပါတယ်။
ဒီတပတ်ထဲမှာပဲ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်က ပူတင်နဲ့ မော်စကိုမှာ ဆွေးနွေးခဲ့မှုက ကောင်းမွန်မှုနဲ့ အကျိုးရှိတဲ့ ဆွေးနွေးမှုတွေဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တာရှိပါတယ်။
Source: Reuters