DVB Logo
Home
မြန်မာသတင်း
ညောင်ကျိုးစခန်းသို့ စစ်ကူပို့ထားသည့် တပ်မ ၇၇ လက်အောက်ခံတပ်များ ထွက်ပြေး
DVB
·
March 16, 2025
ညောင်ကျိုးစခန်းသို့ စစ်ကူပို့ထားသည့် တပ်မ ၇၇ လက်အောက်ခံတပ်များ ထွက်ပြေး
Donate to DVB

စစ်ကောင်စီက ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးစခန်းခံစစ်အတွက် စစ်ကူပို့ထားတဲ့ တပ်မ ၇၇ လက်အောက်ခံ ခြေမြန်တပ်ရင်း ၂ ရင်းက တပ်သားတွေ ထွက်ပြေးသွားလို့ လက်ရုံးတပ်တွေနဲ့ထပ်ပြီး အင်အားဖြည့်ထားရတယ်လို့ စစ်ကောင်စီအုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ညောင်ကျိုးစခန်းသိမ်းတိုက်ပွဲဖြစ်နေချိန်မှာ တပ်မ ၇၇ လက်အောက်ခံ ခမရ ၇၀၁ နဲ့ ခမရ ၃၁၃ က တပ်သားတချို့ မတ် ၁၂ ရက်ညပိုင်းက ထွက်ပြေးသွားတာလို့ သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။

“ညောင်ကျိုးစခန်းကို AA က ရ၊ မရတော့ မသိဘူး။ တပ်ဘက်က စစ်ကူပို့ထားတဲ့ တပ်မ ၇၇ က ထွက်ပြေးတာ ၁၀ ယောက်ကျော်ပြီ။ ဥသျှစ်ပင်နဲ့ ပန်းတောင်းကို လက်ရုံးတပ်တွေနဲ့ အင်အားဖြည့်နေတယ်” လို့ ရှင်းပြပါတယ်။

စစ်ခေါင်းဆောင်က မတ် ၂ ကနေ မတ် ၈ ရက်အထိ ညောင်ကျိုးစခန်းအတွက် ခမရ ၃၁၃၊ ခမရ ၇၀၁ နဲ့ ခမရ ၁၀၅ နဲ့ ခမရ ၁၀၆ တို့ကို စစ်ကူပို့ခဲ့တာ ဖြစ်ပါတယ်။

ညောင်ကျိုးစခန်းသိမ်းတာနဲ့ပတ်သက်ပြီး အာရက္ခတပ်တော် AA ဘက်ကရော စစ်တပ်ဘက်ကပါ တရားဝင်ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့နှစ်ကစပြီး  တောင်ကုတ်-ပန်းတောင်း ရိုးလမ်းပေါ်က စစ်စခန်းတွေကို ထိုးစစ်ဆင်ခဲ့တဲ့ အာရက္ခတပ်တော် AA အနေနဲ့ လက်ရှိမှာ တောင်ပုံကြီးစခန်း၊ ပုဂံကွဲစခန်း၊ မိုးထိတောင်စခန်းနဲ့ နတ်တောင်ကုန်းစခန်းတို့ကို သိမ်းပိုက် ရရှိထားပါတယ်။

ပန်းတောင်းတပ်နယ်ထဲမှာ စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတွေဖြစ်တဲ့ ကပစ ၃ ဆင်တဲ၊ ကပစ ၅ ထုံးဘို၊ ကပစ ၆ ဆင်ခြေထောက်၊ ကပစ ၉ ကျောက်ဖူး၊ ကထက ပြင်ကြီး (ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့ သင်တန်း) တို့ ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013