DVB Logo
Home
မြန်မာသတင်း
ILO ၏ အရေးယူမခံရရေး စစ်ကောင်စီ ကြိုးပမ်းမှု အလုပ်မဖြစ်ဟု အလုပ်သမားအဖွဲ့များပြော
DVB
·
March 15, 2025
ILO ၏ အရေးယူမခံရရေး စစ်ကောင်စီ ကြိုးပမ်းမှု အလုပ်မဖြစ်ဟု အလုပ်သမားအဖွဲ့များပြော
Donate to DVB

စစ်ကောင်စီအနေနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ ပုဒ်မ၃၃ အရ အရေးယူခံရမယ့် အခြေအနေကို ရှောင်လွှဲနိုင်ဖို့ တန်ပြန်လှုပ်ရှားမှုတွေနဲ့ ကြိုးစားနေပေမဲ့ ထိရောက်မှု မရှိဘူးလို့ အလုပ်သမားအဖွဲ့တွေက ပြောပါတယ်။

ILO က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နဲ့ အဓမ္မခိုင်းစေမှုတွေ ချိုးဖောက်ကျူးလွန်နေတာကို စစ်ဆေးတွေ့ရှိပြီးနောက်မှာ ပုဒ်မ ၃၃ အရ အပြစ်ပေးအရေးယူဖို့ ရှိနေတာဖြစ်ပါတယ်။

အဲဒီလို အရေးယူမှာကို ရှောင်လွှဲနိုင်ဖို့အတွက် စစ်ကောင်စီအလုပ်သမားဒုဝန်ကြီးက စက်မှုဇုန်တွေဆီ ဆက်တိုက်သွားရောက်ကာ အလုပ်သမားအဖွဲ့တချို့နဲ့ တွေ့ဆုံပြီး အလုပ်သမားအဖွဲ့တွေ လွတ်လပ်စွာ ဖွဲ့စည်းနိုင်တယ်လို့ ဝါဒဖြန့်တာ၊ စစ်ကောင်စီသြဇာခံ အလုပ်သမားအဖွဲ့တွေကတဆင့် အလုပ်သမားတွေကို စည်းရုံးစေပြီး ILO ရဲ့ အရေးယူမှုကို လက်မခံကြောင်း ဆန္ဒပြခိုင်းတာမျိုး တန်ပြန်လှုပ်ရှားနေပါတယ်။

မြန်မာနိုင်ငံ စက်မှုလက်မှုနှင့်ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) တာဝန်ရှိသူတယောက်က “တန်ပြန်လှုပ်ရှားမှုတွေ လုပ်ပေမဲ့လည်း ILO က သိရှိဖို့ မပြောနဲ့ အလုပ်သမားထု ကြားတောင် ပျံ့နှံ့မှု ရှိမနေဘူး။ စစ်ကောင်စီအနေနဲ့ သူတို့လုပ်ရပ်ကို ချေပဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ILO မှာလည်း ကိုယ်စားပြုခွင့် ရှိမနေတဲ့အတွက် ဘယ်လိုပဲကြိုးစားပါစေ အလုပ်မဖြစ်ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ အလုပ်သမားအဖွဲ့ဆိုတာတွေကလည်း နိုင်ငံတကာ အလုပ်သမားအဖွဲ့တွေနဲ့ ချိတ်ဆက်ထားနိုင်သူတွေ မဟုတ်တာကြောင့် သူတို့ရဲ့ လှုပ်ရှားမှုတွေဆိုတာကလည်း အသိအမှတ်ပြုခံရဖို့ မရှိဘူးလို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ဆိုပါတယ်။

လက်ရှိမှာ သပိတ်အင်အားစုတွေနဲ့ စစ်ကောင်စီကို ဆန့်ကျင်တဲ့ အလုပ်သမားအဖွဲ့ချုပ်တွေက ILO ရဲ့ ပုဒ်မ၃၃ အရ အမြန်ဆုံးအရေးယူပေးဖို့ တောင်းဆိုတဲ့ ကမ်ပိန်းတွေကို ဆက်တိုက်ပြုနေပါတယ်။

ILO အုပ်ချုပ်မှုအဖွဲ့က မတ်လမှာ ပုဒ်မ ၃၃ နဲ့ အရေးယူမယ့် မူကြမ်းကို ဆုံးဖြတ်သွားဖို့ရှိနေချိန်မှာ တွန်းအားပေးတောင်းဆိုမှုတွေ ဆက်တိုက်ရှိနေတာလည်းဖြစ်ပါတယ်။

ပုမ် ၃၃ နဲ့ အရေးယူမယ်ဆိုရင် အလုံးစုံပိတ်ဆို့တာ၊ စစ်ကောင်စီကို အစိုးရတရပ်အဖြစ် လက်မခံဖို့နဲ့ သံတမန်ဖြတ်တောက်ဖို့ ဆုံးဖြတ်တာအပြင် တာဝန်ရှိသူတွေကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ဆီ ခုံရုံးတင်တာမျိုးလုပ်နိုင်ပြီး ဘယ်လိုအရေးမယ်ဆိုတာ ILO အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးပြီးမှ သိနိုင်မယ်လို့ အလုပ်သမားအဖွဲ့တာဝန်ရှိသူတွေက ဆိုပါတယ်။

အဲဒီအစည်းအဝေးဆုံးဖြတ်ချက် နဲ့ ပတ်သက်လို့ ဇွန်လထဲပြုလုပ်မယ့် ILO ညီလာခံမှာ အတည်ပြုသွားမယ်လို့လည်း သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013