
တောင်အာဖရိကနိုင်ငံရဲ့ အကြီးဆုံး ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဒါဘန်မြို့ အနောက်မြောက်ဘက်ရှိ ပိုင်းန်တောင်းန် မြို့မှာ ရေကြီးရေလျှံမှု ဖြစ်နေတာကြောင့် မတ် ၁၄ ရက်က အရှိန်ပြင်းပြင်း ရေစီးနေတဲ့ မြစ်တွေ၊ ပျက်စီးနေတဲ့ တံတားတွေနဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးပြီးတော့ လမ်းတွေမှာ ရေပွက် ထနေတာတွေကို တွေ့မြင်နေရပါတယ်။
ကွာဇူလူ-နာတယ်လ် သမဝါယမ အုပ်ချုပ်မှုနဲ့ ရိုးရာပိုင်း ဦးစီးဌာန (COGTA) ရဲ့ အဆိုအရ မတ် ၁၃ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ခရိုင်အတွင်းရှိ တံတား တစင်းပေါ်ကနေ မော်တော်ယာဉ် မျောပါသွားပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။
သောကြာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ကွာဇူလူ-နာတယ်လ် (COGTA) ဟာ ပြည်နယ် တဝန်းမှာ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းခြင်းလုပ်ငန်းတွေကို လုပ်ဆောင်နေပြီး လမ်းတွေ၊ တံတား တွေ ပျက်စီးဆုံးရှုံးမှုနဲ့ ရေတိုက်စားမှုကြောင့် အခြေခံအဆောက်အဦ ပျက်စီး ဆုံးရှုံးမှုနဲ့ သစ်ပင် တွေ ကျွတ်ထွက်ပြိုလဲမှုတွေကို အကဲဖြတ်ခဲ့ကြောင်း ဖော်ပြ ထားပါတယ်။
ဒေသတချို့မှာလည်း လျှပ်စစ်မီး ဖြန့်ဖြူးရေးပိုင်း ထိခိုက်ခဲ့ပါတယ်။
ကြေညာချက်ထဲမှာ သီတင်းပတ်ကုန်မှာ ပိုပြင်းထန်တဲ့ ရာသီဥတုအခြေအနေကို သတိထား ရှောင်ရှားနိုင်ဖို့ မျှော်လင့်ကြောင်း ပြည်နယ်ရဲ့ COGTA ခေါင်းဆောင်ဖြစ်တဲ့ သိက္ခာတော်ရ သုလာစိဇွယ် ဘတ်သာလိဇီ က သတိပေးခဲ့ပါတယ်။
၂၀၂၂ ခုနှစ်တုန်းကလည်း ဒေသတွင်းမှာ ပြင်းထန်တဲ့ ရေကြီးမှုတွေကြောင့် လူပေါင်း ၄၃၀ ကျော် သေဆုံးခဲ့ပြီး လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
Source: Reuters