DVB Logo
Home
မြန်မာသတင်း
ဗုံးကြဲခံခဲ့ရသည့် မူကယန်းဆေးခန်း ပြန်ဖွင့်ရန်အကူအညီလိုအပ်နေ
DVB
·
March 15, 2025
ဗုံးကြဲခံခဲ့ရသည့် မူကယန်းဆေးခန်း ပြန်ဖွင့်ရန်အကူအညီလိုအပ်နေ
1 / 3
Donate to DVB

ကရင်နီပြည်နယ်၊ ဒီးမော့မြို့နယ်အနောက်ခြမ်းက စစ်ရှောင်ပြည်သူတွေ အားထားနေရတဲ့ မူကယန်းဆေးခန်းဟာ စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဗုံးစထိမှန်ပျက်စီးခဲ့ရပြီး ပြန်ဖွင့်နိုင်ဖို့ အကူအညီတွေလိုနေတယ်လို့ သိရပါတယ်။

မတ် ၄ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ဆေးခန်းအနီးအနားကို လေကြောင်းကနေ ဗုံး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ဆေးခန်းကိုထိမှန်ပျက်စီးခဲ့တာပါ။

တည်နေရာကိုလည်း စစ်ကောင်စီတပ်က သိနေတဲ့အတွက် အခုလက်ရှိမှာ ဆေးခန်းကို ပိတ်ထားပြီး နောက်ထပ်တနေရာ ထပ်ရှာနေရတယ်လို့ သိရပါတယ်။

မူကယန်းဆေးခန်း တာဝန်ခံက “လောလောဆယ်က ကျမတို့ ဆေးခန်းပိတ်ထားတယ်။ ဗုံးစတွေ ဆေးခန်းရော၊ မီးဖိုဆောင်၊ ခန်းမဆောင်၊ အမိုးအကာ ဗုံးစအများကြီး စင်ပြီးပေါက်ကုန်ပါတယ်” လို့ ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးဖို့ လိုအပ်တာကြောင့် အဆောင်အသစ်ကို တခြားနေရာတခုမှာ ဆောက်လုပ်ဖို့နဲ့ လက်ရှိအသုံးပြုနေတဲ့ ဆေးဝါးတွေ၊ အသုံးအဆောင်တွေထဲက အကောင်းအတိုင်းရှိနေတဲ့ပစ္စည်းတွေကို သယ်ယူရွှေ့ပြောင်းဖို့ အကူအညီလိုအပ်နေတယ်လို့ ဆိုပါတယ်။

မူကယန်းဆေးခန်းဟာ ဒီးမော့ဆိုအနောက်ခြမ်းက စစ်ဘေးရှောင်ပြည်သူတွေအတွက် နာတာရှည်ရောဂါတွေ၊ ဖျားနာတာတွေ၊ အသေးစားခွဲစိတ်မှုတွေ၊ သားဖွားဝန်ဆောင်မှုတွေ စတဲ့  ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် အားထားရတဲ့ဆေးခန်းတခုဖြစ်ပြီး ခုလက်ရှိမှာ ပိတ်ထားရတဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေ ဆေးကုသဖို့ အခက်အခဲရှိနေပါတယ်။

မူကယန်းဆေးခန်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပြီးနောက် စစ်ဘေးရှောင်ပြည်သူတွေကို အခမဲ့ ဆေးဝါးကုသပေးနေခဲ့ပြီး တလကို လူနာ အယောက် ၆၀၀ ကနေ ၁၀၀၀ ကျော်အထိ ကုသပေးနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013