DVB Logo
Home
မြန်မာသတင်း
အမ်းနှင့် မောင်တောတွင် စစ်ကျန်မိုင်းနင်းမိပြီး ပြည်သူ ၃ ဦး အပြင်းအထန်ဒဏ်ရာရ
DVB
·
March 15, 2025
အမ်းနှင့် မောင်တောတွင် စစ်ကျန်မိုင်းနင်းမိပြီး ပြည်သူ ၃ ဦး အပြင်းအထန်ဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ်၊ အမ်းနဲ့ မောင်တောမြို့နယ်တို့မှာ စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ စစ်ကျန်မိုင်းနင်းမိပြီး ပြည်သူ ၃ ယောက် အပြင်းအထန်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မောင်တောမြို့နယ် ရွှေဇားချောင်းကမ်းနားမှာ မတ် ၁၄ ရက် နေ့လယ် ၁၂ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်ကထောင်ထားခဲ့တဲ့ စစ်ကျန်မြေမြှုပ်မိုင်းနင်းမိပြီး ပြည်သူတယောက် ဘယ်ဘက်ခြေခုံပြတ်ထွက်၊ အပြင်းထန်ဒဏ်ရာရရှိခဲ့တာလို့ မောင်တောမြို့ဒေသခံတယောက်က DVB ကိုပြောပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့သူကတော့ မောင်တောမြို့၊ လသာရပ်ကွက်က အသက် ၄၄ နှစ်အရွယ် ဒူဟာလေ့ခ်ဖြစ်ပြီး  ငါးရှာသွားတဲ့အချိန်မှာ စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းကိုနင်းမိပြီး အပြင်းထန်ဒဏ်ရာရရှိလို့ နီးစပ်ရာဆေးရုံတခုမှာ အရေးပေါ် ဆေးဝါးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

မောင်တောမြို့နယ်မှာ မတ် ၁၃ ရက်နေ့ နေ့လယ်ပိုင်းကလည်း စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ စစ်ကျန်မိုင်းနင်းမိပြီး ပြည်သူတယောက်အပြင်းထန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ရွှေဇားအနောက်(မွတ်ဆလင်)ကျေးရွာနားမှာ အသက် ၁၈ နှစ်အရွယ်ဒေသခံတယောက်ဟာ မတ် ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်က အဖော်တွေနဲ့အတူ ငါးရှားဖို့သွားရင်း စစ်ကျန်မြေမြှုပ်မိုင်းကိုနင်းမိလို့ ဘယ်ဘက်ခြေထောက်တဖက်ပြတ်ထွက်ပြီး ဘယ်ဘက် မျက်စိလည်း မိုင်းစထိမှန်ဆုံးရှုံး၊ အပြင်းအထန်ဒဏ်ရာရရှိခဲ့တာလို့ မောင်တော ဒေသခံတယောက်က DVB ကိုပြောပါတယ်။

အမ်းမြို့နယ်မှာလည်း မတ် ၁၂ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်ကထောင်ထားခဲ့တဲ့ စစ်ကျန်မိုင်းနင်းမိပြီး ပြည်သူတယောက်အပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အမ်းမြို့နယ် လုံးဟောင်းရွာနားမှာ မတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်လောက်က စစ်ကျန်မိုင်းကို နင်းမိပြီး ပြည်သူတယောက် အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ အမ်းမြို့ဒေသခံတယောက်က DVB ကိုပြောပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့သူကတော့ ပြုတ်ကျွန်းကျေးရွာက အသက် ၅၅ နှစ်အရွယ် ဦးညီညီဖြစ်ပြီး လုံးဟောင်းကျေးရွာဘက်ကို ထင်းခွေသွားတဲ့အချိန်မှာ စစ်ကောင်စီတပ်ကထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းကိုနင်းမိပြီး ဘယ်ဘက်ခြေထောက်တဖက်ပြတ်ထွက်သလို မျက်နှာမှာဗုံးစထိမှန်ပြီး အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ဖေဖော်ဝါရီတလအတွင်း စစ်ကောင်စီတပ်ကထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပေါက်ကွဲလို့ အရပ်သားပြည်သူ ၈ ယောက်ထက်မနည်း သေဆုံးပြီး ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013