
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ မေ ၁၈ ရက် ညနေက စစ်ကျန်မိုင်း နင်းမိပြီး အသက် ၄၆ နှစ် အရွယ် အမျိုးသားတယောက် ခြေပြတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေ ၁၈ ရက် ညနေက ဦးခင်မောင်နိုင်အပါ သူငယ်ချင်း ၃ ယောက်ဟာ ၄ မိုင်ရှိ စိုက်ပျိုးရေး ဂိုဒေါင်နားမှာ မြက်ရှင်းနေစဉ် ဦးခင်မောင်နိုင်ဟာ မိုင်းထိပြီး ညာဘက်ခြေထောက်ရှိ ခြေချောင်းလေး တွေ ပြတ်သွားပြီး ဒဏ်ရာရသွားတာလို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“သူတို့ သူငယ်ချင်းတွေနဲ့ စိုက်ပျိုးရေးခြံထဲက ဂိုဒေါင်နားမှာ သန့်ရှင်းရေးလုပ်နေတဲ့အခါ မိုင်းထိ သွားတာပါ။ ညာဘက်ခြေချောင်းလေးတွေ အကုန်ပြတ်သွားတယ်၊ ဆေးကုသမှု ခံယူထားတယ်။”
အလားတူ မေ ၁၈ ရက် တရက်တည်းမှာပဲ စစ်ကျန်မိုင်းကြောင့် မြေပုံမြို့နယ်၊ မောင်းချောင်းရွာက အသက် ၄၀ အရွယ် ဦးမောင်ဝင်းလှိုင်ဟာ အရင် စစ်တပ်နေခဲ့တဲ့ တပ်နေရာဟောင်းနားမှာ ဝါးခုတ် သွားစဉ် စစ်ကျန်မိုင်းပေါက်ကွဲပြီး ခြေပြတ်သွားခဲ့ပါတယ်။










