DVB Logo
Home
မြန်မာသတင်း
နေပြည်တော် PDF  တပ်မှူးငယ်များ သင်တန်းဆင်း
DVB
·
March 15, 2025
နေပြည်တော် PDF  တပ်မှူးငယ်များ သင်တန်းဆင်း
1 / 11
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်က တပ်မှူးငယ်သင်တန်းဆင်းပွဲကို မတ် ၁၄ ရက်က ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တနေရာမှာ ပြုလုပ်ခဲ့ပါတယ်။

တပ်မှူးငယ် အဖြစ် ရဲဘော် ၇၇ ယောက်က စစ်သင်တန်းဆင်းတာဖြစ်ပြီး စစ်ဗျူဟာအမှတ် ၁၇ လက်အောက်မှာရှိတဲ့ အမှတ် ၉၀၁ ၊ ၉၀၂၊ ၉၀၃ နဲ့ ၈၀၄ တပ်ရင်းတို့ဖြစ်တယ်လို့ သိရပါတယ်။

ဗျူဟာ ၁၇ ရဲ့ တာဝန်ရှိသူက "ဒီတခေါက်သင်တန်းမှာတော့ ပြီးခဲ့တဲ့တော်လှန်ရေး ၄ နှစ်တာ ကာလအတွင်း လက်နက်ကိုင်လမ်းစဉ်လျှောက်နေတဲ့ ရဲဘော်အဟောင်းတွေ၊ တာဝန်ထမ်းဆောင်ဆဲ ရဲဘော်တွေကို ပြန်လည်စုဖွဲ့ပြီး တပ်မှူးငယ်သင်တန်းအဖြစ် သင်တန်းပေးခြင်းဖြစ်ပါတယ်။  ဗျူဟာ ၁၇ ကတော့ ညွှန်ကြားချက်အရ စစ်ဆင်ရေးနယ်မြေတွေ ရောက်နေပါပြီဗျ"လို့  ပြောပါတယ်။

သင်တန်းဆင်းပွဲမှာ နေပြည်တော်တိုင်းစစ်ဌာနစစ်ဦးစီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ဒုစစ်ဦးစီးချုပ်က အမိန့်အမှာစကားပြောကြားကာ Free Burma Ranger ကရင်နီဒုတာဝန်ခံနဲ့ ဗျူဟာက တာဝန်ရှိသူတို့က သင်တန်းဆင်း ဂုဏ်ပြုစကားပြောကြားခဲ့ကြပါတယ်။

သင်တန်းဆင်းပွဲကို မဟာမိတ်တပ်ရင်းက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းသူတွေက တပ်ရင်းအသီးသီးမှာ တပ်စိတ်မှူးတွေအနေနဲ့ တာဝန်ထမ်းဆောင်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

​​နေပြည်တော် PDF အနေနဲ့ လမ်းများအားလုံးနေပြည်တော်သို့ဆိုတဲ့ စစ်ဆင်ရေးကို အပြည့်အဝအကောင်အထည်ဖော်ဖို့ ကြိုးစားနေတယ်လို့ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013