DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကင်မ်အဲရစ် မြန်မာသံအမတ်ကြီးနှင့်တွေ့ဆုံ၊ စစ်ဘေးသင့် အမျိုးသမီးများအရေး ကုလတွင်ဆွေးနွေး 
DVB
·
March 15, 2025
ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကင်မ်အဲရစ် မြန်မာသံအမတ်ကြီးနှင့်တွေ့ဆုံ၊ စစ်ဘေးသင့် အမျိုးသမီးများအရေး ကုလတွင်ဆွေးနွေး 
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်​ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ကမ်ပိန်းအတွက်   အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ သူ့ရဲ့ သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းဟာ ဒေသစံတော်ချိန် မတ် ၁၄ ရက် နေ့လယ်ပိုင်းက နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံရုံးသို့ လာရောက်ကာ CDM သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

သံရုံးကို ရောက်လာတဲ့ ကိုထိန်လင်းကို သံအမတ်ကြီးက ရင်းနှီးလှိုက်လှဲစွာကြိုဆိုခဲ့ပြီး သံရုံးဧည့်သည်ဆောင်မှာ လက်ခံတွေ့ဆုံကာ ကိုထိန်လင်းက သံအမတ်ကြီးအတွက် Suu 80th Birthday အမှတ်တရထုတ်ဝေတဲ့  ပြက္ခဒိန်ကို လက်ဆောင်ပေးအပ်ခဲ့ပါတယ်။

သံအမတ်ကြီးကလည်း ကိုထိန်လင်းရဲ့ ခရီးစဉ်နဲ့ ကမ်ပိန်းအောင်မြင်ပါစေကြောင်းနဲ့  လိုအပ်တာတွေကို  ကူညီဖို့ အသင့်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

ကိုထိန်လင်းဟာ  မတ် ၁၃ ရက်က နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်မှာကျင်းပခဲ့တဲ့  UN Event မှာ မြန်မာနိုင်ငံရှိ စစ်ဘေးသင့်အမျိုးသမီးတွေနဲ့  ကလေးငယ်တွေ ခံစားနေရတဲ့ စိတ်ဒဏ်ရာ  Post Trauma Stress Disorder (PTSD) အကြောင်းကို အလေးပေးဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေသူ အရေအတွက်နဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ အသေးစိတ်အခြေအနေကို ဆွေးနွေးခဲ့ပါတယ်။

ကိုထိန်လင်းက "ဒီခရီးစဉ်မှာ မေမေနဲ့အတူ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ   အားလုံး လွတ်မြောက်ဖို့၊ မြန်မာနိုင်ငံရဲ့ စစ်ဘေးဒဏ်ခံနေရတဲ့ ပြည်သူတွေ အမြန်ဆုံး လူသားချင်း စာနာမှု အကူအညီရရှိဖို့ ဦးစားပေးလုပ်ဆောင်ပြီး အမေရိကားရောက် မြန်မာနွယ်ဖွားတွေ၊ ကူညီထောက်ပံ့ပေးသူတွေနဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ကိုထိန်လင်းဟာ သူ့မိခင် ဒေါ်အောင်ဆန်းစုကြည်အတွက်  Suu 80th Birthday Campaign ကို ဦးဆောင်ပြုလုပ်နေတာဖြစ်ပြီး အမေရိကန်ရှိ မြန်မာအသိုက်အဝန်းနဲ့လည်း တွေ့ဆုံဖို့ရှိနေပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို  စစ်အာဏာသိမ်းပြီးကတည်းက နေပြည်တော်မှာ ဖမ်းဆီး အကျဉ်းချထားတာဖြစ်ပြီး ထောင်ဝင်စာတွေ့ခွင့် မပေးသလို ရှေ့နေအပါအဝင် ပြင်ပနဲ့ အဆက်အသွယ်ဖြတ်ခံထားရပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013