DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး “FREE HER” ကမ်ပိန်း ကင်မ်အဲရစ် စတင်
DVB
·
September 7, 2026
Photo: ဒေါ်ခိုင်ခိုင်စိုး တယ်လီဂရမ်
Photo: ဒေါ်ခိုင်ခိုင်စိုး တယ်လီဂရမ်
Donate to DVB

နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC) က မကြာသေးမီက သွားရောက်တွေ့ဆုံမှုအပြီးမှာ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင်မ်အဲရစ် ခေါ် ကိုထိန်လင်းက မိခင်ဖြစ်သူ လွတ်မြောက်ရေးအတွက် “FREE HER” ကမ်ပိန်းကို စက်တင်ဘာ ၇ ရက်မှာ စတင်လိုက်ကြောင်း သတင်းထုတ်ပြန်ပါတယ်။

ဒီကမ်ပိန်းဟာ အသက် ၈၁ နှစ်အရွယ် မိခင်ဖြစ်သူ အသက်ရှင်လျက်ရှိကြောင်း အတည်ပြုနိုင်တဲ့ “Proof of Life” အဆင့်ကနေ မိသားစုနဲ့ တိုက်ရိုက် ထိတွေ့ခွင့်ရဖို့နဲ့ အကန့်အသတ်မရှိ ချက်ချင်း လွတ်မြောက်ရေး "FREE HER" အဆင့်ကို ကူးပြောင်းလှုပ်ရှားတာလို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကစပြီး မိသားစုနဲ့ ၅ နှစ်ကျော်ကြာ ကင်းကွာနေရပြီး လက်ရှိ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကို မသိရှိရဘဲ အမှောင်ချခံထားရဆဲ ဖြစ်ပါတယ်။

ကင်မ်အဲရစ်က ၁၉၈၉ ခုနှစ် ကလေးဘဝကတည်းက မိခင်ဖြစ်သူ ဖမ်းဆီးထိန်းသိမ်းခံရမှုကို ကြုံတွေ့ခဲ့ရပြီး ဆယ်စုနှစ်များစွာအကြာ အခု အသက် ၄၉ နှစ်အရွယ်မှာ မိခင်ရဲ့ လွတ်မြောက်ရေးအတွက် ထပ်မံ တောင်းဆိုနေရတာ ဖြစ်ပါတယ်။

အခုကမ်ပိန်းကတဆင့် မိသားစုနဲ့ အမြန်ဆုံး တိုက်ရိုက် ဆက်သွယ်ခွင့်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ချက်ချင်း လွတ်မြောက်ပေးဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုက်အဝန်းကို တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013