DVB Logo
Home
နိုင်ငံတကာ
လက်တုံ့ပြန် အခွန်တိုးကောက်မှုများနှင့် ရင်ဆိုင်ရနိုင်ဟု Tesla သတိပေး
DVB
·
March 14, 2025
လက်တုံ့ပြန် အခွန်တိုးကောက်မှုများနှင့် ရင်ဆိုင်ရနိုင်ဟု Tesla သတိပေး
Donate to DVB

အမေရိကန်ကားကုမ္ပဏီ Tesla က သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အခွန်တင်းကျပ်မှုကြောင့် အမေရိကန်ကုမ္ပဏီတွေကို တခြားနိုင်ငံတွေက အခွန်တိုးပြီး လက်တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရမယ်လို့ သတိပေးပါတယ်။

Tesla ရဲ့ မှတ်ချက်တွေက ထရမ့်ပ်ရဲ့ အခွန်စည်းကြပ်မှုကို ထင်ဟပ်စေတာကြောင့် အမေရိကန် စီးပွားရေးသမား အများစုက စိုးရိမ်နေပါတယ်။

Tesla စီအီးအို အီလွန်မတ်စ်ခ်ဟာ ထရမ့်ပ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး အစိုးရထိရောက်မှုဌာနကို ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။

ဒီသတိပေးချက်ဟာ Tesla ကုမ္ပဏီရဲ့ Letterhead နဲ့ ထုတ်ခဲ့တာဖြစ်ပေမဲ့ လက်မှတ် မပါဝင်တာကြောင့် ဘယ်သူရေးသလဲဆိုတာ မသိရသေးပါဘူး။ ဒီသတင်းနဲ့ပတ်သက်ပြီး Tesla က မှတ်ချက်ပေးတာမျိုးလည်း မတွေ့ရသေးပါဘူး။

ဒီမှတ်ချက်တွေဟာ အမေရိကန် ကုန်သွယ်မှုကိုယ်စားလှယ်များတွေကို ပေးပို့ခဲ့တဲ့စာထဲမှာ ပါတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

နေ့စွဲက အင်္ဂါနေ့ နေ့စွဲဖြစ်ပြီး အမေရိကန်ကုန်သွယ်မှု ပေါ်လစီနဲ့ ပတ်သက်ပြီး ကုမ္ပဏီတွေကို ပေးပို့တဲ့ ရာနဲ့ချီတဲ့ စာတွေထဲမှာ ပါဝင်တာပါ။

ဒါဟာ အမေရိကန်က တခြားနိုင်ငံတွေက တင်သွင်းတဲ့ လျှပ်စစ်ကားတွေအပေါ် အခွန်တိုးမြှင့်တာကို လက်တုံ့ပြန်တဲ့အနေနဲ့ Tesla ကားတွေကို အဓိက ပစ်မှတ်ထား လက်တုံ့ပြန်မှုကနေ ရှောင်လွှဲနိုင်ဖို့ ဆန္ဒရှိနေပါတယ်။

ထရမ့်ပ်က ဧပြီလအစောပိုင်းမှာ တခြားနိုင်ငံတွေကနေ တင်သွင်းတဲ့ ကားအစိတ်အပိုင်းတွေနဲ့ ကားတွေကို အခွန်တိုးမြှင့်ဖို့ စဉ်းစားနေပါတယ်။

အဲဒီလိုဖြစ်လာရင် Tesla အတွက် ပြည်ပကတင်သွင်းတဲ့ ကားအစိတ်အပိုင်းတွေရဲ့ ဈေးနှုန်းလည်း မြင့်တက်လာမှာပါ။

အဲဒါကြောင့် Tesla ကားအစိတ်အပိုင်းတွေဟာ ပြည်တွင်းမှာ ရရှိဖို့ ခက်ခဲတယ်လို့လည်း သတိပေးထားပါတယ်။

အမေရိကန် ကုန်သွယ်မှု ကိုယ်စားလှယ်များတွေက မမျှတတဲ့ ကုန်သွယ်မှုမျိုးကို အကျိုးသက်ရောက်မှုနည်းအောင် စဉ်းစားသင့်တယ်လို့ အမေရိကန် ကုန်ပစ္စည်းထုတ်လုပ်မှုနဲ့ ပြည်ပပို့ ကုမ္ပဏီတခုအနေနဲ့ Tesla က တိုက်တွန်းထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013