
အမေရိကန် ကိုလိုရာဒိုလေဆိပ်မှာ လေယာဉ်မီးလောင်မှုကြောင့် ခရီးသည်တွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ရုပ်သံမှတ်တမ်းတွေထဲမှာ မီးခိုးလုံးတွေအကြား ခရီးသည်တွေဟာ လေယာဉ်တောင်ပံပေါ်မှာ မီးဘေးရှောင်ခဲ့ရတဲ့ အခြေအနေတွေလည်း တွေ့ရပါတယ်။
လေယာဉ်အောက်ခြေက စပြီး မီးလောင်ခဲ့ကာ ခရီးသည်တွေကို အသက်ကယ်လျှောနဲ့ မြေပြင်ကို ရောက်အောင် ကယ်ဆယ်ခဲ့ရတယ်လို့ အမေရိကန် လေကြောင်းဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ (FAA) က ပြောပါတယ်။
မီးလောင်တဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး စုံစမ်းမှုတွေ ပြုလုပ်နေတယ်လို့လည်း FAA က ဆိုပါတယ်။
ဒီမီးလောင်မှုကြောင့် ကြီးမားတဲ့ ထိခိုက်ဒဏ်ရာရမှု မရှိဘဲ လူ ၁၂ ယောက်သာ မစိုးရိမ်ရတဲ့ဒဏ်ရာ ရခဲ့ပါတယ်။
လေယာဉ်ဝန်ထမ်းတွေရဲ့ သတင်းပေးပို့မှုအရ အင်ဂျင်တုန်ခါမှု ဖြစ်ရာကနေ စတင်တာ ဖြစ်နိုင်တယ်လို့ FAA က ထုတ်ပြန်ထားပါတယ်။
ဒီလေယာဉ်ဟာ ဘိုးရင်း ၇၃၇-၈၀၀ ဖြစ်ပြီး ခရီးသည် ၁၇၂ ယောက်နဲ့ လေယာဉ်အမှုထမ်း ၆ ယောက် ပါဝင်ကာ အားလုံးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှာ ၂၀၂၅ ခုနှစ်အတွင်း ၅ ကြိမ်မြောက် လေယာဉ်မတော်တဆမှု ဖြစ်ခဲ့တာပါ။
ဇန်နဝါရီ ၂၉ ရက်မှာ ဝါရှင်တန်အနီး လေယာဉ်တိုက်မှုက ၆၇ ယောက် သေဆုံးခဲ့ပြီး ၃၁ ရက်နေ့မှာ ဖီလာဒဲဖီးရား ဆေးဘက်ဆိုင်ရာလေယာဉ် ပျက်ကျမှုကြောင့် ၇ ယောက် သေဆုံးခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်က အီလီနွိုက်မှာ လေယာဉ်မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက်နေ့မှာလည်း လေယာဉ်ပျက်ကျမှုကြောင့် လူ ၁၀ ယောက် သေဆုံးခဲ့ပါတယ်။
Source : Reuters