DVB Logo
Home
မြန်မာသတင်း
နောင်ချိုတွင် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးကြဲချတိုက်ခိုက်
DVB
·
March 14, 2025
နောင်ချိုတွင် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးကြဲချတိုက်ခိုက်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်းက TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးတွေ အသုံးပြုတိုက်ခိုက်နေတယ်လို့ TNLA စစ်ရေးသတင်းအရင်းမြစ်ဆီကနေ သိရပါတယ်။

ဒီနေ့မှာ နောင်ချိုမြို့နယ်၊ အုမ္မတီး၊ သဲခေါ်ဘက်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က နိုင်ငံတကာက ကန့်သတ်ထားတဲ့ အဆိပ်ငွေ့ဗုံးတွေ အသုံးပြု တိုက်ခိုက်နေတာကြောင့် TNLA ရဲဘော်တွေ မူးမေ့တာ၊ အော့အန်တာ၊ အသက်ရှူမြန်တာ၊ မောပန်းတာတွေ ခံစားနေရတယ်လို့ TNLA စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“လေယာဉ်နဲ့လည်း လာကြဲတယ်။ ဒရုန်းတွေနဲ့လည်း ကြဲတယ်။ မသေပေမဲ့ လူက ဘာမှမလုပ်နိုင်တော့တဲ့ ပုံစံမျိုးဖြစ်တော့ အဆိပ်ငွေ့သင့်သူတွေကို ပြန်ဆွဲထုတ်ရတယ်။ အင်အားလျော့တာပေါ့။ တောင်ခမ်းက ပြန်ဆုတ်လိုက်ရပြီးနောက်ပိုင်း အုမ္မတီး၊ အုမ္မခန်းဘက်ကတော့ နေ့တိုင်းလိုလို တိုက်ပွဲဖြစ်နေတယ်။ တောင်ခမ်းမှာရှိနေတဲ့ အမြောက်တပ်တွေထဲက ၂ ခုကို TNLA က သိမ်းပိုက်နိုင်ခဲ့ပေမဲ့ စစ်ကောင်စီရဲ့ သာလွန်အင်အား၊ စစ်ကူ၊ လက်နက်၊ ခဲယမ်းရိက္ခာ တောက်လျှောက်ဖြည့်တင်းတာ၊ ဒရုန်း၊ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အမြောက်တပ်စခန်း ၂ ခုကနေ ပြန်လည်ဆုတ်ခွာခဲ့ရပေမဲ့ အဲဒီအမြောက်တပ်တွေရဲ့ အနီးအနားဝန်းကျင်မှာ နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်ပေါ်နေတာပါ။”

စစ်ကောင်စီဟာ တောင်ခမ်း အမြောက်တပ် မကျရေး စစ်ကူအင်အား အများအပြား ဖြည့်တင်းတာကို TNLA နဲ့ မဟာမိတ်တပ်တွေက ကြားဖြတ်တိုက်ခိုက်ပေမဲ့ စစ်ကောင်စီရဲ့ စစ်ကူတွေဟာ အသေခံ တိုးဝင်တာတွေကြောင့် စစ်ကူတွေ ရောက်ရှိသွားတာလို့ TNLA သတင်းရင်းမြစ်က ပြောပါတယ်။

“သူတို့က လုပ်လို့ရသမျှ အကုန်လုပ်တာ၊ တားမြစ်လက်နက်တွေတောင် သုံးတာပဲ။ သူတို့စစ်ကူတွေကလည်း အသေခံတိုးတာ။ အလုံးအရင်းနဲ့ဖိတော့ ကိုယ့်လူတွေ အထိအခိုက်နည်းဖို့ ပြန်ဆုတ်ပေးလိုက်ရပေမဲ့ အပြီးဆုတ်ခွာသွားတာမျိုး မဟုတ်ပါဘူး။”

စစ်ကောင်စီတပ်က နိုင်ငံတကာက တားမြစ်ထားတဲ့ လက်နက်တွေကို အသုံးပြု တိုက်ခိုက်တာကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အရေးယူပေးဖို့ တောင်းဆိုကြပေမဲ့ ဒီနေ့အထိ ဘယ်နိုင်ငံကမှ အရေးယူ ဆောင်ရွက်တာတွေ မရှိသေးပါဘူး။

အခုလို ပြည်တွင်းစစ်မှာ အဆိပ်ငွေ့တွေသုံးနေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကိုလည်း မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီဟာ တောင်ခမ်းကို ထိုးစစ်ဆင်တိုက်ခိုက်ချိန် ဖေဖော်ရီလကလည်း အဆိပ်ငွေ့ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့လို့ TNLA ရဲဘော် ၁၀ ယောက် ထိခိုက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013