DVB Logo
Home
အားကစား
ဖာနန်ဒက်စ် ဟက်ထရစ်သွင်းပြီး မန်ယူအသင်း ဆိုစီဒက်ကို အနိုင်ယူ
DVB
·
March 14, 2025
ဖာနန်ဒက်စ် ဟက်ထရစ်သွင်းပြီး မန်ယူအသင်း ဆိုစီဒက်ကို အနိုင်ယူ
Donate to DVB

ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် မန်ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ မနေ့ညက ယှဉ်ပြိုင်ရာ မန်ယူက ၄ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားပါတယ်။

အဖွင့်ဂိုးကို ပွဲချိန် ၁၀ မိနစ်မှာ ဆိုစီဒက်က ရခဲ့တာဖြစ်ပြီး ပင်နယ်တီကတဆင့် အသင်းခေါင်းဆောင် အိုယာဇာဘယ်က သွင်းယူခဲ့တာပါ။

မန်ယူအတွက် အသင်းခေါင်းဆောင် ဖာနန်ဒက်စ်က ပင်နယ်တီသွင်းဂိုး ၂ ဂိုးအပါအဝင် ဟက်ထရစ် ၃ ဂိုး သွင်းယူခဲ့ပြီး နောက်ဆုံးတဂိုးကို‌တော့ ဒါလော့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အဲဒီပွဲစဉ်မှာ မန်ယူနောက်ခံလူ ပက်ထရစ်ဒေါ်ဂူရဲ့ အားကစားသမားပီသတဲ့ စိတ်ဓာတ်ကို နည်းပြ ရူဘင်အာမိုရင်က ချီးကျူးသွားပါတယ်။

ပက်ထရစ်ဒေါ်ဂူဟာ ပင်နယ်တီပြစ်ဒဏ်ဘော ရရှိခဲ့ပေမဲ့ ပေးသင့်တဲ့ ပင်နယ်တီပြစ်ဒဏ်ကျူးလွန်မှု မဟုတ်ကြောင်း ကွင်းလယ်ဒိုင်ကို သွားရောက် အသိပေးခဲ့တာပါ။

ဒိုင်လူကြီးက VAR ကနေတဆင့် ပြန်လည်ကြည့်ရှုခဲ့ပြီးနောက် ပင်နယ်တီပေးမှုကို ပြန်လည် ပယ်ဖျက်ခဲ့ပါတယ်။

မန်ယူအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိနေချိန်မှာ ပင်နယ်တီပေးမှုကို ငြင်းဆိုခဲ့တဲ့ ဒေါ်ဂူရဲ့ အားကစားသမားပီသစိတ်ဟာ ကောင်းမွန်တဲ့အရာဖြစ်ပြီး ဂုဏ်ယူစရာကောင်းကြောင်း သရေကျနေချိန်ပဲ ဖြစ်စေ၊ ရှုံးနိမ့်နေချိန်ပဲဖြစ်စေ အဲဒီလိုစိတ်ဓာတ်ကို ချီးကျူးသွားမှာဖြစ်တယ်လို့ နည်းပြအာမိုရင်က ပြောပါတယ်။

ပွဲချိန် ၆၃ မိနစ်မှာ ဆိုစီဒက်ကတယောက် အထုတ်ခံခဲ့ရတဲ့အတွက်လည်း မန်ယူအသင်း အသာစီး ရခဲ့ပါတယ်။

ဒီနှစ်သင်း ပထမအကျော့ ဆိုစီဒက်ကွင်းမှာ တဂိုးစီ သရေကျခဲ့တဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး ၂ ဂိုးနဲ့ မန်ယူအနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013