DVB Logo
Home
နိုင်ငံတကာ
ပုပ်ရဟန်းမင်းကြီး ကျန်းမာလာစေရန် ကမ္ဘာတဝန်းက ကက်သလစ်သာသနာဝင်များ ဆုတောင်း
DVB
·
March 13, 2025
ပုပ်ရဟန်းမင်းကြီး ကျန်းမာလာစေရန် ကမ္ဘာတဝန်းက ကက်သလစ်သာသနာဝင်များ ဆုတောင်း
Donate to DVB

နာမကျန်းဖြစ်နေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကျန်းမာလာစေကြောင်း  ကမ္ဘာတဝန်းက ကက်သလစ်သာသနာဝင်တွေဟာ မတ် ၁၃ ရက်မှာ ဆုတောင်းခဲ့ကြပါတယ်။

၂၀၁၃ ခုနှစ် မတ် ၁၃ ရက်မှာ ပုပ်ရဟန်းမင်းအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ ဖရန်စစ်ဟာ ရောမမြို့က ဆေးရုံမှာ တက်ရောက်ကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။

အဆုတ်နှစ်ဖက်စလုံးမှာ နမိုးနီးယား အဆုတ်ရောင်ရောဂါ ခံစားနေရသလို တခြားကူးစက်မှုတွေလည်း ရင်ဆိုင်ခဲ့ရတဲ့ ပုပ်ရဟန်းမင်းဟာ အသက်ရှူလမ်းကြောင်း ပြဿနာတွေပါ ခံစားနေရတာဖြစ်ပါတယ်။

သက်တော် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းဟာ ရင်ဘတ် X Ray ရိုက်ကြည့်ထားတဲ့ မှတ်တမ်းတွေအရ အခြေအနေ တိုးတက်လာတယ်လို့ ဗာတီကန်က ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ အခြေအနေဟာ ရှုပ်ထွေးနေဆဲဖြစ်တာကြောင့် ဆေးရုံမှာ ဆက်လက်ကုသမှု ခံယူရဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆေးရုံတက်ကတည်းက ပုပ်ရဟန်းမင်းဟာ လူမြင်ကွင်းက ပျောက်ကွယ်နေပေမဲ့ အခုလ အစောပိုင်းမှာ သူ့ဇာတိ အာဂျင်တီးနားနိုင်ငံရဲ့ ဘာသာစကားဖြစ်တဲ့ စပိန်စကားနဲ့ ပြောထားတဲ့ အသံဖိုင်ကို ဗာတီကန်စီးတီး စိန့်ပီတာရင်ပြင်မှာ ထုတ်လွှင့်ပေးခဲ့ပါတယ်။

ဆုတောင်းပေးကြတဲ့သူတွေအတွက် ကျေးဇူးတင်ကြောင်း ပြောထားတဲ့ အသံဖိုင်မှာ အသံက မောပြီး အားနည်းနေတဲ့ပုံစံမျိုး ကြားခဲ့ရပါတယ်။

လက်ရှိ နေ့ဘက်မှာ အောက်ဆီဂျင်ကို နှာခေါင်းပိုက်၊ ညဘက်မှာ မက်စ်နဲ့တပ်ပြီး စက်နဲ့ ပေးထားရတယ်လို့ သိရပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013