DVB Logo
Home
နိုင်ငံတကာ
ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးကို ICC အချုပ်ခန်းသို့ ပို့ဆောင် အမှုရင်ဆိုင်ရမည်
DVB
·
March 13, 2025
ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးကို ICC အချုပ်ခန်းသို့ ပို့ဆောင် အမှုရင်ဆိုင်ရမည်
Donate to DVB

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို ဖိလစ်ပိုင်မြို့တော် မနီလာလေဆိပ်မှာ  ဖမ်းဆီပြီးနောက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ကို မတ် ၁၂ ရက်မှာ ပို့ဆောင် ထိန်းသိမ်းခဲ့ပါတယ်။

အသက် ၇၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒူတာတေးဟာ ရိုတာဒမ်လေဆိပ်ကို ဗုဒ္ဓဟူးနေ့အစောပိုင်းက စင်းလုံးငှားလေယာဉ်နဲ့ ရောက်လာခဲ့ပြီး ICC ရဲ့ အချုပ်ခန်းမှာ ထိန်းသိမ်းခဲ့တယ်လို့ ICC က ရေးသားဖော်ပြပါတယ်။

သူ့ကို ဒတ်ခ်ျကမ်းခြေက ထိန်းသိမ်းရေး စခန်းဆီ ပြောင်းရွှေ့ထားပြီး လာမယ့်ရက်တွေအတွင်း သည်ဟိတ်ဂ်မြို့က ICC တရားသူကြီးဆီ ပို့မယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ 

ဒူတာတေးကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု၊ လူသတ်မှုစွဲချက်တို့နဲ့ ဖိလစ်ပိုင်သမ္မတနိုင်ငံ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာပါ။

ဖိလစ်ပိုင်နိုင်ငံကို ၂၀၁၆ ခုနှစ်ကနေ ၂၀၂၂  ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့ သမ္မတဟောင်း ဒူတာတေးဟာ မူးယစ်ဆေးဝါး နှိမ်နင်းရေးမှာ လူသတ်အဖွဲ့တွေကို ကြီးကြပ်ခဲ့တဲ့အတွက်  လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု၊ လူသတ်မှုစွဲချက်တွေ ရင်ဆိုင်ရမှာပါ။

ဒူတာတေးဟာ ICC မှာ ရုံးတင်စစ်ဆေးခံရတဲ့ ပထမဆုံး အာရှနိုင်ငံ အကြီးအကဲ ဖြစ်လာနိုင်ပါတယ်။

သမ္မတအဖြစ် ဒူတာတေးဟာ မူးယစ်ဆေးဝါးသုံးစွဲသူတွေနဲ့ ရောင်းဝယ်ဖောက်ကားသူတွေကို သတ်တဲ့ လူသတ်အဖွဲ့တွေကို ဖန်တီး၊ ငွေကြေးထောက်ပံ့ရင်း လက်နက်ကိုင်ဆောင်ခဲ့တယ်လို့လည်း ICC က ဖမ်းဝရမ်းထုတ်ထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013