DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်မရသဖြင့် ကျောင်းသား၊ ကျောင်းသူများ အခက်ကြုံ
DVB
·
March 12, 2025
ရခိုင်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်မရသဖြင့် ကျောင်းသား၊ ကျောင်းသူများ အခက်ကြုံ
Donate to DVB

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ကျောင်းသား၊ ကျောင်းသူတွေ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်မရဘဲ အခက်အခဲ ဖြစ်နေကြတယ်လို့ ကျောင်းသားကျောင်းသူတွေနဲ့ မိဘတွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် မရတာကြောင့် ကျောင်းသားကျောင်းသူတွေ အခက်ခဲဖြစ်နေကြတယ်လို့ ၁၂ တန်း (Grade12) ကျောင်းသားတယောက်က DVB ကို ပြောပါတယ်။

“ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာလည်း စစ်ပွဲတွေ အပြင်းထန်ဖြစ်နေလို့ စာမေးပွဲ မဖြေခဲ့ရဘူး။ ဒီနှစ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာလည်း စာမေးပွဲဖြေဆိုခွင့်ရဖို့က မရေမရာဖြစ်နေတုန်းပဲ။ ဘေးကင်းလုံခြုံတဲ့နေရာတွေမှာတော့ စာသင်ပေးတာတွေရှိပါတယ်။ ကျနော်တို့က စာမေးပွဲမဖြေရဘဲ နှစ်ကျပုံစံမျိုးဖြစ်သွားပြီး အသက်ကလည်း ၂၀ ပြည့်တော့မယ်။ ကျောင်းကလည်း ပိတ်လိုက်ဖွင့်လိုက်နဲ့ စာကိုအသေချာအာရုံစိုက်ပြီး သင်ကြားခွင့်မရခဲ့ဘူး။” ပုဏ္ဏားကျွန်းမြို့နယ်မှာနေထိုင်တဲ့ ကျောင်းသားမိဘတယောက်က “ကျနော်တို့ ရွာဘက်တွေမှာတော့ ULA/AA ရဲ့ ပညာရေးကော်မတီက ဦးဆောင်ပြီး ကလေးတွေကို ပညာသင်ကြားပေးတာတွေရှိတယ်။ ဒါပေမဲ့ G12 နှစ်ဟောင်းကျောင်းသား၊ ကျောင်းသူတွေကတော့ အခုအချိန်ထိစာမေးပွဲ ဖြေဆိုခွင့်မရသလို စာလည်း ဆက်မသင်ပေးကြတော့ဘူး” လို့ ပြောပါတယ်။

G12 စာမေးပွဲအောင်မြင်ပြီးသား ကျောင်းသားကျောင်းသူတွေအနေနဲ့လည်း တက္ကသိုလ်၊ ကောလိပ် ပညာရေးကို ဆက်လက်သင်ယူခွင့်မရ ဖြစ်နေတာကြောင့် အာရက္ခတော်လှန်ရေးအစိုးရအနေနဲ့ တိကျခိုင်မာတဲ့ ပညာရေးအစီစဥ်တွေကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးစေလိုတယ်လို့ ပြောပါတယ်။

အာရက္ခတော်လှန်ရေးအစိုးရ ပညာရေး ဦးဆောင်ကော်မတီအဖွဲ့ဝင်တယောက်ကတော့ “G12 နှစ်ဟောင်း ကျောင်းသားတွေကတော့ စာမေးပွဲ ဖြေဆိုဖို့ ခုံနံပါတ်တွေထွက်ထားပါပြီ။ ဘယ်နေ့၊ ဘယ်စာစစ်ဌာနတွေမှာ ဖြေဆိုရမယ်ဆိုတာကိုတော့ စစ်ကောင်စီရဲ့ လေကြောင်းရန် အန္တရာယ်ကြောင့် ပြောပြလို့မရဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေမှာတော့ ကျောင်းသားကျောင်းသူ ၂၀၉၇ ယောက်ကို မတ် ၁၇ ရက်ကနေ ၂၂ ရက်အထိ စာစစ်ဌာန ၈ ခုမှာ တက္ကသိုလ်ဝင်စာမေးပွဲ စစ်ဆေးသွားမယ်လို့ စစ်ကောင်စီပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013