DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကမ်ပိန်းအတွက် သားငယ် ကိုထိန်လင်း နယူးယောက်ကို ရောက်လာ 
DVB
·
March 12, 2025
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကမ်ပိန်းအတွက် သားငယ် ကိုထိန်လင်း နယူးယောက်ကို ရောက်လာ 
1 / 3
Donate to DVB

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ ကမ်ပိန်းကို အမေရိကန်ရောက် မြန်မာတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သားငယ်ဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းဟာ ဒေသစံတော်ချိန် မတ် ၁၁ ရက် ညနေပိုင်းက အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ကို ရောက်ရှိလာပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကနေ ထွက်ခွာလာတဲ့ ကိုထိန်လင်းဟာ နယူးယောက်၊ ဘော်စတွန်၊ ဝါရှင်တန်ဒီစီ၊ အင်ဒီယားနား(ဖို့ဒ်ဝိန်း)၊ တက္ကဆက်၊ လော့အိန်ဂျလိစ်မြို့တွေကို သွားရောက်ပြီး မြန်မာပြည်သူတွေနဲ့ တွေ့ဆုံပွဲတွေ ဆက်တိုက်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

မတရားဖမ်းဆီးခံနေရတဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရေး၊ နွေဦးတော်လှန်ရေးမှာ နိုင်ငံတကာရောက်မြန်မာတွေ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးနဲ့ ရန်ပုံငွေရရှိရေးတို့အတွက် သားဖြစ်သူ ကိုထိန်လင်းက တတ်နိုင်တဲ့နည်းလမ်းတွေနဲ့ တော်လှန်ရေးအစောပိုင်းကတည်းက ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။

ကိုထိန်လင်း ပြုလုပ်ခဲ့တဲ့ AID2Burma ပရောဂျက်၊ Upstream ပရောဂျက်၊ Tattoo Campaign တွေကို ကူညီအားဖြည့်ခဲ့တဲ့ နယူးယောက်မြို့အခြေစိုက်  Helping Hands for Burma (H2B) အဖွဲ့က နယူးယောက်မြို့ကနေ စတင်မယ့် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့လှုပ်ရှားမှုကို ကူညီဆောင်သွားရွက်မှာဖြစ်ပြီး ရရှိလာတဲ့ရန်ပုံငွေအားလုံးကို တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာမှာ  ပါဝင်ကူညီသွားမယ်လို့ အဖွဲ့ဝင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013