DVB Logo
Home
မြန်မာသတင်း
KIA ထိန်းချုပ် နယ်မြေ၌ မြေရှားသတ္တုတူးဖော်မှု များများစားစားမရှိသေး
DVB
·
March 12, 2025
KIA ထိန်းချုပ် နယ်မြေ၌ မြေရှားသတ္တုတူးဖော်မှု များများစားစားမရှိသေး
Donate to DVB

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ် နယ်မြေက မြေရှားသတ္တု လုပ်ကွက်တွေ လတ်တလောအထိ များများစားစား လည်ပတ်တာမျိုး မရှိသေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။

မိုင်ဂျာယန်၊ အင်ခေါင်းပါ ဝန်းကျင်က မြေရှားသတ္တုသိုက်တွေ အပါအဝင် အင်ဘာပါဘက် တကြော အားလုံး၊ ဗန်းမော် - နမ့်ကြားက ကိုက်ထိပ် ဒေသတွေဘက်ပါ မြေရှားသတ္တု တူးဖော်မှုနဲ့ ပတ်သက်ပြီး ‘ဝ’ အဖွဲ့အစည်းကို အပ်ထားတယ်လို့လည်း သိရပါတယ်။

အခုလောလောဆယ် မြေရှားသတ္တုနဲ့ ပတ်သက်ပြီး တရုတ်ဘက် တင်ပို့တာ မရှိသေးဘူးလို့ မြေရှားသတ္တု လုပ်ငန်းရှင်တွေနဲ့ နီးစပ်သူ အမျိုးသားတယောက်က ပြောပါတယ်။

"တကယ်လို့ မြေရှားသတ္တု တူးဖော်တာတွေလုပ်လာမယ် ဆိုရင်တောင် အရင်ကလို မဟုတ်တော့ဘူးတဲ့။ အကျိုးတူ ၄ ရာခိုင်နှုန်း (KIO) အစိုးရကို ပေးရမယ်။ (KIO) အစိုးရကို ပေးပြီး ၆ ရာခိုင်နှုန်းကို လုပ်ငန်းရှင်တွေယူမယ်။ အဲဒီ ၆ ရာခိုင်နှုန်းထဲက လုပ်ငန်းရှင်တွေ အခွန် ဆောင်ရမယ်။ လုပ်ငန်းနဲ့ ပတ်သက်ပြီး တခြား လိုအပ်တာတွေပါ ကျခံရမယ် လို့ပြောတယ်" လို့ သူက ရှင်းပြပါတယ်။

အကျိုးတူ လို့ပြောတာကြောင့် ‌လုပ်ငန်းရှင်တွေ အခက်ကြုံနေကြရပြီး အခုလောလောဆယ် မြေရှားသတ္တုတူးဖော်ဖို့ အစီအစဉ်ဆွဲနေတာမျိုး မရှိသေးပါဘူး။

အင်ဘာပါက မြေရှားသတ္တုသိုက်မှာ အလုပ်လုပ်တဲ့ အမျိုးသမီးတယောက်က "အခုက တရုတ်ဂိတ်တွေ ပိတ်လို့ မြေရှားသတ္တုတူးတဲ့အလုပ် ခဏနားထားတယ်။ သူဌေးက တရုတ်ပြည် ပြန်သွားတယ်။ သူ ပြန်လာမှ ကျမတို့ အလုပ်ပြန်ဆင်းရမှာ" လို့ ပြောပါတယ်။

တရုတ်ဘက်က မြေရှားတူးဖော်မှုမှာ လိုအပ်တဲ့ပစ္စည်းတွေ ဝင်မရတော့ ဘယ်လိုမှ လုပ်ငန်း လည်ပတ်လို့မရဘဲ လုပ်ကွက်အစောင့်တွေသာထားပြီး လုပ်ငန်းရပ်ဆိုင်းထားတာကို တွေ့ရတယ်လို့ မိုင်ဂျာယန်ဒေသခံတယောက်က ပြောပါတယ်။

ပန်ဝါနဲ့ ချီဖွေမြို့ တွေဘက်က မြေရှားသတ္ထုတူးဖော်တဲ့ လုပ်ကွက် အများစုမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လလယ်လောက်ကတည်းက စတင်ပိတ်သိမ်းလာပြီး ငွေအရင်းအနှီးများတဲ့ လုပ်ကွက်ကြီး အနည်းစုသာ ဆက်လက်တူးဖော်နေတယ်လို့ ဒေသအခြေစိုက် ပါဂျောင် သတင်းဌာနက ဖော်ပြ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013