DVB Logo
Home
အားကစား
မြန်မာ့အရေး တောင်ပိုင်းနှင့် မြောက်ပိုင်း ကယ်လီဖိုးနီးယား ချစ်ကြည်ရေးရန်ပုံငွေဘောလုံးပွဲ ကျင်းပမည်
DVB
·
March 12, 2025
မြန်မာ့အရေး တောင်ပိုင်းနှင့် မြောက်ပိုင်း ကယ်လီဖိုးနီးယား ချစ်ကြည်ရေးရန်ပုံငွေဘောလုံးပွဲ ကျင်းပမည်
Donate to DVB

မြန်မာ့အရေး တောင်ပိုင်းနဲ့ မြောက်ပိုင်း ကယ်လီဖိုးနီးယား ချစ်ကြည်ရေးရန်ပုံငွေဘောလုံးပွဲကို အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြ ည်နယ်မှာ ဒေသစံတော်ချိန် ဧပြီ ၁၉ ရက်နေ့ ကျင်းပသွားဖို့ရှိနေပါတယ်။

Duarte High School Football Stadium မှာကျင်းပမယ့် ရန်ပုံငွေဘောလုံးပွဲမှာ မြန်မာ့ရိုးရာ အစားအစာတွေကိုလည်း ထည့်သွင်းရောင်းချသွားမှာဖြစ်ပြီး ရလာတဲ့ အကျိုးအမြတ်ရန်ပုံငွေအားလုံးကို တော်လှန်ရေးအတွက် လှူဒါန်းသွားမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

ပွဲ စီစဉ်သူတယောက်က "အားကစားသမားတွေက ခြေစွမ်း၊ ခွန်အားတွေရင်းနှီးပေးလှူကြဖို့ ကြိုးစားနေကြပါတယ်။ အထွေထွေ ကုန်ကျစရိတ်တွေအတွက် ပါဝင်ကူညီပေးနိုင်ပါတယ်။ ဒီရန်ပုံငွေဘောလုံးပွဲကြော်ငြာကို မြန်မာဂဇက်သတင်းစာမှာ မကြာမီ တွေ့ကြရပါမယ်။ Local မြန်မာဆိုင်တွေမှာလည်း တွေ့မြင်ကြရပါမယ်" လို့ ပြောပါတယ်။

နွေဦးတော်လှန်ရေး ၄ နှစ်ကျော်ကြာလာချိန်အထိ အမေရိကန်ရောက်မြန်မာတွေအပါအဝင် ပြည်ပရောက်မြန်မာတိုင်းရင်းသားတွေက တေးဂီတဖျော်ဖြေပွဲ၊ ရုပ်ရှင်ပြပွဲ၊ ဈေးရောင်းပွဲ စသဖြင့် နည်းလမ်းမျိုးစုံနဲ့ ပြည်တွင်းကိုထောက်ပံ့ဖို့ကြိုးစားနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013