DVB Logo
Home
နိုင်ငံတကာ
ဆော်ဒီအိမ်ရှေ့စံနှင့် သမ္မတ ဇလန်းစကီး‌ တွေ့ဆုံ
DVB
·
March 11, 2025
ဆော်ဒီအိမ်ရှေ့စံနှင့် သမ္မတ ဇလန်းစကီး‌ တွေ့ဆုံ
Donate to DVB

ယူကရိန်းသမ္မတ ဇလန်းစကီးဟာ ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆယ်မန်နဲ့ အင်္ဂါနေ့ အစောပိုင်းမှာ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံမှုဟာ ယူကရိန်းနဲ့ အမေရိကန်တို့ တရားဝင်တွေ့ဆုံမှုမတိုင်မီ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ရုရှား-ယူကရိန်းစစ် အဆုံးသတ်ဖို့ အဓိကကျတဲ့ ဖြစ်စဉ်ဖြစ်ဖို့ အမေရိကန်က မျှော်လင့်နေပါတယ်။ ဂျက်ဒါမြို့မှာ တွေ့ဆုံခဲ့တဲ့ ဒီတွေ့ဆုံမှုမှာ ဆော်ဒီအာရေဗျနိုင်ငံက ယူကရိန်းရဲ့ အကျပ်အတည်းနဲ့ ငြိမ်းချမ်းရေးရဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းမှုကို ထောက်ခံတဲ့အကြောင်း ဆော်ဒီနိုင်ငံပိုင် သတင်းအေဂျင်စီ SPA က ထုတ်ပြန်ပါတယ်။

ရုရှားရဲ့ကျူးကျော်မှု စတင်ကတည်းက ဆော်ဒီအာရေဗျက ကြားဝင်ဖျန်ဖြေပေးတဲ့ ကိစ္စတွေကို ဆောင်ရွက်ပေးခဲ့ပါတယ်။

ဇလန်းစကီးက “အိမ်ရှေ့စံမင်းသားနဲ့ ကျနော် တွေ့ခဲ့ပါတယ်။ ကမ္ဘာ့အရေးနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကျယ်မှုနဲ့ ယူကရိန်းကို ထောက်ခံမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျနော်တို့  အပြန်အလှန်၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ တခြားပါတနာတွေနဲ့ ပူးပေါင်းမှုတွေ စတဲ့ အဓိက အကြောင်းအရာတွေကို ဆွေးနွေးခဲ့ပါတယ်။ ဆော်ဒီနိုင်ငံက သံတမန်ရေးအတွက် အဓိက နေရာကနေ ပါဝင်ဆောင်ရွက်ပေးလို့ ကျနော်တို့ အသိအမှတ်ပြုပါတယ်” လို့ ပြောပါတယ်။

ဆော်ဒီအာရေဗျဟာ အကျဉ်းသားလဲလှယ်တာမျိုး အပါအဝင် ပြီးခဲ့တဲ့လက ရုရှားနဲ့ အမေရိကန်နိုင်ငံတို့ တွေ့ဆုံဆွေး‌ပွဲလိုမျိုးတွေလည်း လက်ခံစီစဉ်ပေးခဲ့ပါတယ်။

ဇလန်းစကီးရဲ့ အိမ်ဖြူတော်ဆွေးနွေးပွဲ မအောင်မြင်ခဲ့ပြီးနောက်ပိုင်း အင်္ဂါနေ့က အမေရိကန်နဲ့ ယူကရိန်းနိုင်ငံတို့ရဲ့ တရားဝင်တွေ့ဆုံမှုကို ပထမဆုံးအကြိမ် ဆော်ဒီနိုင်ငံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ထရမ့်ပ်ရဲ့ အရှေ့အလယ်ပိုင်းသံတမန် စတိဗ်ဝစ်အော့ဖ်ကတော့ ဒီတွေ့ဆုံပွဲကို မျှော်လင့်ချက် ကြီးကြီးထားတယ်လို့ ပြောပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013